နိုင်ငံကျော် ရော့ခ်အဆိုတော် လေးဖြူ၏ ဘင်္ဂလားပင်လယ်အော် သီချင်းအယ်လ်ဘမ်အသစ် မကြာသေးခင်က ထွက်ရှိလာခဲ့သည်။တေးရေး မောင်မောင်ဇော်လတ်၊ လင်းလင်း၊ နောနော်နှင့် ရယ်ဂျီတို့ ရေးဖွဲ့ထားသည့် သီချင်း ၁၃ ပုဒ်ပါ အယ်လ်ဘမ်သည် ဒီဇင်ဘာ ၈ ရက်နေ့က စတင်ရောင်းချခဲ့သည်။
သတ်မှတ်ဈေးနှုန်းမှာ ၁၈၀၀ ကျပ်ဖြစ်သော်လည်း အချို့ ဈေးနှုန်းတင်ပြီး ၂၅၀၀ ကျပ်အထိပင် ရောင်းနေသည်ဟု သိရသည်။တချိန်က လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ Rocker တစ်ဦးက “သံယောဇဉ်…. သံယောဇဉ်…” ဆိုပြီး ဆွေးပြနေတော့လည်း နားထောင်ရတာ တစ်မျိုး ဖြစ်နေတယ် ထင်တယ်။ သီချင်း အများစုက သီချင်းအေးတွေ ချည်းပဲ ဖြစ်နေတာလည်း သတိထားမိတာတွေ ထဲက တစ်ခုပါ။ ထွက်တဲ့ နေ့မှာပဲ တကမ္ဘာလုံးက ကြိုက်သလောက် Download လုပ်လို့ ရနေတဲ့ အတွက် ခွေရဲ့ ရောင်းအားအပေါ်ကို အကျိုးသက်ရောက်မှု ရှိပါမယ်။
