
အတိုက်အခံ ဒီမိုကရက်ပါတီခေါင်းဆောင် အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်ဘွဲ့ရ အာဘီဆစ်ဝိဇ္ဇာဇီဝသည် ဘန်ကောက် တွင် ကျင်းပသည့် လွှတ်တော်အစည်းအဝေး၌ (၂၃၅) မဲဖြင့် အနိုင်ရရှိကာ ထိုင်းနိုင်ငံ၏ (၂၇) ကြိမ်မြောက် ၀န်ကြီးချုပ် ဖြစ်လာသကဲ.သို.လေးလအတွင်းတတိယမြောက် ၀န်ကြီးချုပ်လဲဖြစ်လာခဲ.သည်။
People Power Party တဖြစ်လဲ ပွေထိုင်းပါတီကလည်း ပွေပါဒင်းပါတီခေါင်းဆောင် ရဲချုပ် ပရာချာ ပရောင်မန့်ကို ၀န်ကြီးချုပ်သစ်နေရာ လျာထားပြီး ၀င်ပြိုင်သော်လည်း (၁၉၈) မဲဖြင့် ရှုံးနိမ့်သွားသည်။
အသက် ၄၄ နှစ်အရွယအာဘီဆစ်ဝိဇ္ဇာဇီဝ်သည် ၂၇ ဦးမြောက်နှင့် အသက် အငယ်ဆုံးသော ထိုင်းနိုင်ငံ ၀န်ကြီးချုပ်သစ် ဖြစ်လာသည်။။ ယခု ဒီမိုကရက်တစ်ပါတီ အနိုင်ရရှိမှုသည် ယခင်ဝန်ကြီးချုပ် ထပ်ဆင် ရှင်န၀ပ်နှင့် သူ့ပါတီကို သစ္စာခံသူများ၏ ၇ နှစ်ကြာ အုပ်စိုးခဲ့မှုကိုအဆုံးသတ်လိုက်သည်ဟုမီဒီယာများတွင်ရေးသားကြသည်၊၊အာဘီဆစ်က အကယ်၍သာ သူအစိုးရအဖွဲ့ကို ဦးဆောင်ရလျှင် မြန်မာနိုင်ငံပေါ် ထားရှိသော ပေါ်လစီသည် လက်ရှိအစိုးရနှင့် တူမည်မဟုတ်တော့ဟု ပြောကြားခဲ့သည်ဟု ပါဝင်တက်ရောက်ခဲ့သူ တဦးဖြစ်သော ဦးညိုအုန်းမြင့်က မဇ္ဈိမသို့ ပြောသည်။
