တိုင်းမဂ္ဂဇင်း၏Person of The Year အိုဘားမား

obama_cover

၄၄ဦးမြောက် အမေရိကန် သမ္မတရွေးကောက်ပွဲမှာအနိုင်ရလိုက်တဲ့ဒီမိုကရက်ပါတီ သမ္မတလောင်း ဘရက်ခ် အိုဘားမားကို နာမည်ကျော် တိုင်း မဂဇင်းကြီးက person of the year အဖြစ်ရွေးချယ်ဂုဏ်ပြုဖော်ပြလိုက်ပါတယ်။

အိုဘားမားကိုအဓိကရွေးချယ်လိုက်ရတဲ့ အကြောင်းကတော့ အိုဘားမားက သူ့ကိုထောက်ခံသူတွေကို သူ့ အနိုင်ရလိုက်ကြောင်း

ပြောကြားတဲ့

မိန့်ခွန်းမှာပါတဲ့“တကယ်လို့ အမေရိကန်ပြည်ထောင်စုမှာ အရာရာတိုင်း ဖြစ်နိုင်ပါတယ်ဆိုတာကို သံသယရှိသူတွေ ရှိနေအုံးမယ်။ ကျနော်တို့ တိုင်းပြည်ကို ထူထောင်ခဲ့သူတွေ ချမှတ်ခဲ့တဲ့ အိပ်မက်တွေ ဒီနေ့အထိ ရှင်သန်နေဆဲပါဆိုတာကို မယုံချင်ကြသူတွေ ရှိနေမယ်။ ဒီမိုကရေစီရဲ့ အင်အားကို မေးခွန်းထုတ်သူတွေ ရှိနေအုံးမယ်ဆိုရင်၊ အဲဒီလူတွေအတွက် ဒီညဟာ အဖြေပေးလိုက်တဲ့ ညပါပဲ။”

ဆိုတဲ့စကားကြောင့်ဖြစ်ပါတယ်လို့ တိုင်းမဂ္ဂဇင်းအယ်ဒီတာတဦးကပြောပါတယ်။