မြန်မာနိုင်ငံအချို့ထောင်များတွင်ထောင်ဆရာဝန်မရှိ

မြန်မာနိုင်ငံရှိအချို.ထောင်များတွင်MBBSဘွဲ.ရထောင်ဆရာဝန်များမရှိဘဲ

အကျဉ်းဦးစီးဌာနမှဆေးမှုးများအဆင့်သာရှိသည်ဟုသိရသည် ။ (ဂ)အုပ်စုအ

ဆင့်ရှိ ဘူးသီးတောင်ထောင်၊ပူတာအိုထောင်နှင့်ခန္ဓီးထောင်တို့တွင် ထောင်ဆရာဝန်

များမရှိဘဲဆေးမှူးအဆင့်သာရှိသည်ဟု အင်းစိန်ထောင်၊မြောင်းမြထောင်နှင့်

ပုသိမ်ထောင်တို့တွင် အကျဉ်းကျခံခဲ့ရဖူးသည့်ကိုဇော်ကြီးက Freedom News Group

သို့ပြောသည်။၎င်းကဆက်လက်ပြီး(က)အဆင့်ရှိတဲ့မြောင်းမြထောင်လိုမျိုးမှာတောင်

ထောင်ဆရာဝန်က သင်တန်းသွားတက်ရတာနဲ့ခရီးသွားရတာနဲ့ အမြဲမရှိဘူး” ဟု

ပြောသည်။ လတ်တလောတွင် လည်း မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်

အတွင်းရေးမှူး ဦးကံထွန်းသည် ထောင်အတွင်း ကိုယ်ခန္ဓာတခြမ်း လေဖြတ်

သွားကြောင်း သိရသည်။နိုင်ငံရေးအကျဉ်းသားများမှာထောင်တွင်းသို့ပြင်ပမှ

ဆေးဝါးများတင်သွင်းခွင့်လည်းမရှိဘဲ (က)အဆင့်ရှိထောင်များ တွင် သာမန်

(MBBS)ဘွဲ့ရဆရာဝန်တဦးစီသာရှိသည်။မြန်မာနိုင်ငံ၏ထောင်တွင်း

ဆေးဝါးကုသမှုမှာ အင်မတန်ညံ့ဖျင်းပြီးထောင်

ဆရာဝန်များကြောင့်သေဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသားများမှာမ

နည်းတော့ချေ။မြန်မာနိုင်ငံတွင်အကျဉ်းထောင်ပေါင်း ၄၃ထောင်ရှိပြီး

ရဲဘက်စခန်းပေါင်း၅၃ခုရှိသည်။