
မောင်ဝိတ်အပါအ၀င် ရန်ကုန်မြို့၏ မူးယစ်ဆေးဝါးဂိုဏ်းများကိုဖြိုခွဲပြီးသည့်နောက်
ထိုဂိုဏ်းများအဓိကကျက်စားရာဖြစ်သည့် BME II ညကလပ်နှင့်ယုဇနဂါးဒင်းဟို
တယ်ရှိပိုင်းအိုးနီးယားကလပ်တို့ကို အာဏာပိုင်တို.မှဆက်လက်မဖွင့်လှစ်ရန်တား
မြစ်ခဲ့သည်။ထိုကလပ်ပိုင်ရှင်များကပြန်လည်ဖွင့်ခွင်.ပြုရန်လျှောက်ထားခဲ့သော်
လည်းခွင့်မပြုဟုကလပ်ပိုင်ရှင်များနှင့်နှင့်နီးစပ်သူများက Freedom News Group
သို့ပြောသည်။မဂ္ဂင်္လာဈေးရှိ channel v နှင့် JJ Music Entertainment,သိမ်ကြီးဈေး
(ရွှေတိဂုံဘုရားလမ်း)ကလပ်များမှာဖွင့်ခွင့်ရသည်။ခရစ်စမတ်ရာသီဖြစ်သည့်အတွက်
လူငယ်များမှာ ကလပ်သို့လာရောက်ပျော်ပါးသည့်အတွက် ညစဉ်ညတိုင်းလာရောက်
ပျော်ပါးသည့်အတွက် ထိုကလပ်များမှာည၂နာရီခန့်ထိစည်ကားလျက်ရှိသည်။လက်ရှိ
အပိတ်ခံထားရသော BME II နှင့် Pioneerကလပ်တို့မှာ ယခင်ကအာဏာပိုင်အသိုင်း
အ၀ိုင်းနှင့် နီးစပ်သူများပိုင်သည့်ကလပ်ဖြစ်သည်။
