
Red Link Communication ကုမ္ပဏီလိမိတက်နှင့် မြန်မာတယ်လီပို့တို့
တွဲဖက်၍ရန်ကုန်မြို့တွင် Internet WiMax ဆားဗစ်ကို၂၀၀၉ခုနှစ်ဇန်
န၀ါရီလမှာ စတင်ဆောင်ရွက်မည်ဖြစ်သည်။ထိုသို့ဆောင်ရွက်ရာတွင်
ရဲစခန်းထောက်ခံစာမူရင်း၊ရပ်ကွက်ထောက်ခံစာမူရင်းတို့နှင့်အတူ၊နိုင်
ငံရေးကင်းရှင်းကြောင်း တို့ပါမှ လျှောက်ထားခွင့်ပြုမည်ဟု မြန်မာတယ်
လီပို့နှင့် Red Link Communication တို့အသိပေးကြေညာထားသည်။
စတင်အသုံးပြုရန်အတွက် ၀ိုင်မက်(စ်)အီကွစ်မန့်အတွက် ဆိုပြီးFEC1500
ပေးရမည်ဖြစ်သည်။လစဉ်ကြေးအနေဖြင့်တဦးချင်းအသုံးအတွက် FEC 45
ပေးဆောင်ရမည်ဖြစ်ပြီးအမြန်နှုန်းမှာ 128 Kbps ဖြစ်သည်။Worldwide
Interoperability for Microwave Access ဖြစ်သည့် WiMax မှာ ဒေသ
တွင်းနိုင်ငံများတွင် တပ်ဆင်မည်ဖြစ်သည်။
