
YGN mafia & Freedom News Group မှတင်ဆက်သည်
မိုးဖွဲဖွဲလေးများကရန်ကုန်ခရစ်မတ်၏အာရုံဦးကိုနှုတ်ဆက်လိုက်သည်
တွင်ခရစ်မတ်နေ့အပြင်ထွက်၍လည်ပတ်မည့်သူများအတွက်မြင်းကို
ဇက်ကြိုးသတ်လိုက်သလိုဖြစ်သွားရသည်၊၊မြောက်ဥက္ကလာမှသီတာတို့သူငယ်ချင်း များကတော“့မိုးဖွားလေးတွေကျလာတော့အပြင်ထွက်ချင်စိတ်မရှိတော့ဘူးမိုးရွာရင်
မြောင်းရေကလျှံအုံးမယ်”ဟုခရစ်မတ်နေ့ကသူမလည်ဖြစ်ခဲ့ပုံကိုပြောပြသည်။မီးမ
လာသည့်ညများစွာဖြင့်နေ့ပေါင်းများစွာကိုဖြတ်ကျော်လာရသည့်ရန်ကုန် မြို့ခံတို့မှာအခမဲ့လည်ပတ်စရာနှင့်ဖျော်ဖြေပွဲဟူ၍တစ်ပွဲမှမရှိခြင်းပင်။”အင်း
လျှားလိတ်မှာရှိုးရှိတာတော့သိတယ်ဒါပေမယ့်လက်မှတ်က၅၀၀၀တောင်
ဆိုတော့ဘယ်သွာူကြည့်နိုင်မလဲ”ဟူရေကျော်တွင်နေသောအောင်လေးက
Freedon News Groupသို့ပြောပြသည်။
ကန်တော်ကြီးမျှော်စင်ကျွန်းနဲ့မြကျွန်းသာတို့တွင်စည်ကားမှုရှိပြီးDagon
Center နှင့်Yankin Center တိုတွင်ဈေးဝယ်သူများဖြင့်စည်ကားနေသော်လည်း
လက်လုပ်လက်စားအများစုနေထိုင်သောတောင်မြောက် လမ်းဆုံတွင်မူကလေးငို
သံနေ့ပြန်တိုးကြွေးတောင်းသံဘတ်(စ)ကားဂိတ်
တွင်ရေခဲရေရောင်းသည့်ကလေးများအသံတို့ဖြင်သာစည်ကားနေခဲ့သည်၊။
သမ္မတရုံတွင်မူ အကယ်ဒမီရှေ့ ဇာတ်ကားမှာတိုးမပေါက်အောင်စည်ကား
သော်လည်းနေပြည်တော်ရုံတွင်Death Race ဇာတ်ကားကိုလာကြည့်သော
ပရိတ်သတ်များနှင့်လက်မှတ်မှောင်ခိုသမားတို့
ပြသနာဖြစ်ကြသော်လည်းရုံမန်နေဂျာကမဆိုင်သလိုသာနေခဲ့သည်။လက်မှတ်
မှောင်ခိုသမား
တို့သည်မည်သည်.နေရာတွင်ဖြစ်ဖြစ်အတင့်ရဲကြသည် မှာမည်သည့်မအားကိုးကြောင့်လဲဟုမေးစရာရှိလာခဲ့သည်၊၊ရုပ်ရှင်ရုံရှေ့တွင်
ဂိတ်ထိုးတတ်သောCity Taxi မောင်းသူတစ်ဦးကတော့’သူတို့ကကြံ့ဖွတ်က
ကောင်တွေလေ လက်မှတ်မှောင်ခိုပေးလုပ်ထားရင်း သတင်းပေးနဲ့ရုံတွေမှာအ
စောင့်ချထားတာ“ဟုပြောသည်၊၊
ညခင်းဘက်ရန်ကင်းသို့ရောက်ချိန်တွင်မူမီးပျက်နေသောကြောင့်ခရစ်မတ်သစ်
ပင်ကြီးမှာအမှောင်ထဲတွင်ငုတ် တုတ် ကျောက်မြောင်းဘက်တွင်မူရယကနှင်.
မီးသတ်က နံရံမှုတ်ဆေးဘူးများတွေ.လျှင်ဖမ်းမည်ဟုလော်စပီကာဖြင့်
ကြော်ငြာနေသည်၊၊အမျိုးသားရေကူးကန်နားကOlympicsHotelသမီးရည်းစား
စုံတွဲကအခန်းလာယူသော်လည်းမရတော့ချေ၊ထိုဟိုတယ်မှဧည့်ကြိုမလေးက
တော့“ဒီလိုနေ့ဆိုရင်အတွဲတွေနဲ့အခန်းတွေပြည့်နေတာပဲ”လို့ပြောသည်၊၊
သိပ်မဝေးသောဆောက်လုပ်ရေးမှတ်
တိုင်တွင်မူဘတ်(စ)ကားစောင့်သူများပြည့်နှက်နေဆဲ………………
YGN mafia & Freedom News Group မှတင်ဆက်သည်
