
စုနမိကြောင့်သေဆုံးသွားသည့်မြန်မာလူမျိုးများအတွက်အမှတ်တရဆု
တောင်းပွဲတစ်ခုကိုရန်ကုန်မြို့သန်လျှင်ရှိဘုန်းကြီးကျောင်းတစ်ခုတွင်ကျင်းပ
ခဲ့သည်ဟုသတင်းရရှိသည်။စုနမိ ကြောင့်၂၀၀၄ခုနှစ်ဒီဇင်ဘာလတွင်လူနှစ်သိန်း
ကျော်သေဆုံးခဲ့ရသည်။ရန်ကုန်အခြေစိုက်လူငယ်အဖွဲ့တစ်ခုမှဦးစီးစီစဉ်ခြင်း
ဖြစ်ပြီးသံဃာတော်များအားလည်းဆွမ်းကပ်ခဲ့သည်ဟုဆုတောင်းပွဲတွင်ပါဝင်
သူတစ်ဦးကပြောသည်။
စုနမိကြောင့်မြန်မာနိုင်ငံတွင်၂၄၀ကျော်သေဆုံ့းသည်ဟုTIME မဂ္ဂဇင်းကဖေါ်ပြ
ခဲ့ဖူးသည်။အမည်ထုတ်ဖေါ်ပြောလိုခြင်းမရှိသောထိုအဖွဲ့သည်နာဂစ်ဆိုင်ကလုန်း
ကြောင့်ဒုက္ခရောက်ခဲ့သူများကိုကူညီခဲ့သည့်အဖွဲ့လည်းဖြစ်သည်။
