
ရေးသူ..X ID
၁၉၉၈ခုနှစ်ACIDHIPHOPအဖွဲ့ကိုစတင်တည်ထောင်ဖွဲ့စည်းစဉ်က
အနဂ္ဂ၊ဇေယျာသော်၊ရန်ရန်ချမ်း၊ဟိန်းဇော်(ကွယ်လွန်)နှင့်Rဇာနည်တို့၅ဦး
ဖြင့်စတင်ဖွဲ့စည်းခဲ့သည်။ACID အဖွဲ.ရဲ့ပွဲဦးထွက်သီဆိုဖျော်ဖြေမှုကို
၂၀၀၀ခုနှစိမှာသိမ်ကြီးဈေးစီရုံတွင်ရှိသည့်Galaxy Clubတွင်ကျင်းပခဲ.
ကြသည်။ထိုနှစ်မှာပင်သူတို့အဖွဲ့၏ပွဲဦးထွက်အလ်ဘမ်
ဖြစ်သည့်”စတင်ခြင်း”အမည်ရှိအယ်(လ)ဘမ်ကိုထုတ်ဝေခဲ့ကြသည်။
ထိုအယ်(လ)ဘမ်၏ထူးခြားချက်မှာမည်သို့သောအခကြေးငွေပေးဆောင်
ရသည့်ရုပ်သံဘီဘုဒ်ကြော်ငြာများကိုမသုံးရပဲထိုနှစ်ကမြန်မာနိုင်ငံ၏ရောင်း
အားအကောင်းဆုံးအယ်(လ)ဘမ်တစ်ချပ်ဖြစ်ခဲ့သည်။ထိုအချိန်ကရန်ကုန်
မြို့၏လက်ဖက်ရည်ဆိုင်များတွင်ACID အဖွဲ့၏သီချင်းများမှာလူငယ်တို့၏
hitဖြစ်လာသည်၊၊
ACID ၏ပွဲဦးထွက်အယ်လ်ဘမ် အောင်မြင်ပြီးနောက်တွင် ထိုအဖွဲ့ထဲမှ
Rဇာနည်ကအဖွဲ့နှင့်လမ်းခွဲကာ ရောခ့်ဂီတကိုရွေးခြယ်ခဲ့ပြီးအနဂ္ဂမှာမူ
တကိုယ်တော် Rapper အဖြစ်ရပ်တည်ခဲ့သည်။ACID အဖွဲ့၏တည်ထောင်
်သူတဦးဖြစ်သည့်အပြင်နောက်ပိုင်းRapper များ
ကပါလေးစားအားကျရသည့်ဟိန်းဇော်မှာမူ ၂၀၀၆ခုနှစ်ဧပြီလ၁၁ရက်နေ့တွင်
ကွယ်လွန်ခဲ့သည်။
နောက်ပိုင်းတွင်မူ ACID အဖွဲ့ကိုရန်ရန်ချန်းနှင့် ဇေယျာသော်တို့ကပင်ဆက်လက်
ဦးဆောင်ခဲ့ပြီး ၂၀၀၃ခုနှစ်တွင် J.Me,Cyclone,On-Track,ရသတို့နှင့် ပူးပေါင်းကာ
MHA ကိုစတင်တည်ထောင်ခဲ့သည်။ဂီတနယ်ပယ်တွင်ကျင်လည်နေစဉ် အတွင်း
ဖျော်ေပြွေဲများစွာကို မြန်မာနိုင်ငံတလျံတလျား သာမက နိုင်ငံရပ်ခြားတိုင်းပြည်များထိပါ သွားရောက်ဖျော်ဖြေခဲ့သည်။အနုပညာကြေးမရသည့်HIV/AIDS ကူစက်ခံမိဘမဲ့ကလေးငယ်များရံပုံငွေပွဲစဉ်များတွင်လည်းစေတနာအပြည့်ဖြင့်ပါဝင်ကူ
ညီသီဆိုခဲ့သည်။
လူမှုရေးလုပ်ငန်းများတွင်ကိုယ်ကျိုးမကြည့်တတ်သည့်ရန်ရန်ချမ်းနှင့်ဇေယျာသော်မှာ
၂၀၀၇ ခုနှစ်ဇန်န၀ါရီလက၀င်းထွဍ်တာရာ(ချန်းချန်း)စီစဉ်သည့်မိဘမဲ့ကလေးများရန်ပုံ
ငွေဈေးရောင်းပွဲတော်တွင်ပရိတ်သတ်များကြားဉ်မမောနိုင်၊မပန်းနိုင် ငွေဖလားတလုံး
ဖြင့် အလှူခံပေးခဲ့သလို၊ဇေယျာသော်ကလည်း ပါဝင်လုပ်အားပေးခဲ့သည်။
ACID အဖွဲ့၏ဒုတိယမြောက်အယ်(လ)ဘမ်ဖြစ်သည့်ACIDအမည်ရှိအယ်(လ်)ဘမ်ကို
၂၀၀၈ခုနှစ်အတွင်းထွက်ရှိနိုင်ရန်စီစဉ်နေ
သည်။စတင်ခြင်း အယ်လ်ဘမ်ပြီးကတည်းကပရိသတ်အားအယ်လ်ဘမ်အသစ်
တခုမပေးနိုင်သေးသော် လည်း ပြန်ပြောပြဖို့တော်
တော်ခက်လိမ့်မယ်၊မောင်တို့ချယ်ရီမြေ၊ ရေပျော်ငှက်စသည့် အယ်လ်ဘမ်များတွင်
ပါဝင်သီဆိုထားကာ ပရိတ်သတ်၏အားပေး
မှုရရှိခဲ့သည်။
ဘ၀တူရက်(ပ်)အဆိုတော်များကို ညီရင်းအကိုလိုချစ်ခင်တတ်ပြီးရံဖန်ရံခါဆွင်
သီဆိုဖျော်ဖြေခွင့်ပိတ်ပင်ခံရသည့်အဆိုတော်များ
ကိုလည်း အားပေးမှုပြုတတ်သည်။Hip Hop ဂီတကိုဝါသနာပါသည့်လူငယ်
များအပေါ်လည်း အားပေးမှု၊ထောက်ပံ့ကူညီမှုပေး
တတ်သည့် ရန်ရန်ချန်းနှင့်ဇေယျာသော်မှာမြန်မာပြည်သူများလွတ်မြောက်
ရေးအတွက် ၎င်းတို့၏အနုပညာဖြင့်ဆန့်ကျင်ရင်း
မတရားဖမ်းဆီးထောင်တွင်းအကျဉ်းချခြင်းကိုခံခဲ့ရသည်။ ရန်ရန်ချန်းကိုဖမ်းဆီးစဉ်
ကမူ သူ၏ချစ်သူ ချီလီကိုပင် အချုပ်ထဲတွင်
တပတ်ကြာချုပ်နှောင်ထားပြီး စစ်ဆေးမေးမြန်းသေးသည်။
ရန်ရန်ချမ်းနှင့်ဇေယျာသော် တို့ကိုထောင်တွင်းအကျဉ်းချထားသည့်
ကိစ္စနှင့် ပက်သက်၍ Freedom News Group မှ၎င်းတို့နှစ်ယောက်
၏သူငယ်ချင်းဖြစ်သည့် ရက်(ပ်)အဆိုတော်တဦး၏ခံစားချက်ကိုမေးကြည့်ရာ
သူ၏ရင်ဖွင့်သံက
အမေရိကန်မှာလည်း ဒီဂီတ(Hip Hop)ကိုဖန်တီးသူတွေက နိုင်ငံရေး၊
အခွင့်အရေးနဲ့ ကာကွယ်ရေးတိုက်ပွဲတွေမှာ ဂီတနဲ့ရော လူကိုယ်တိုင်အင်ပြည့်အား
ပြည့် ပါဝင်ခဲ့ကြတယ်။သူတို့နှစ်ယောက်ကိုတော့ အချိန်ပြည့်ဦးညွှတ်လေးစားတယ်။
ဒါပေမယ့် ကျွန်တော်တို့စားအတူ၊သွားအတူ ၊စင်ပေါ်တက်လည်းအတူဗျာ အခု
တော့ကျွန်တော်စင်ပေါ်မှာသီဆိုနေရပေမယ့်
သူတို့နှစ်ယောက်ကမရှိတော့ဘူး။သူတို့ကို ဘာလို့ဖမ်းတာလဲ ကျွန်တော်နားမ
လည်ဘူး။နားလည်တာကတော့အရမ်းပါက်ကွဲ
လာရင် တော့ကျွန်တော်စင်ပေါ်မှာသီချင်းဆိုနေရင်း”ရန်ရန်ချန်းနဲ့ဇေယျာသော်
ကိုအခုပြန်လွှတ်ပေး”လို့အော်လိုက်မယ်ဟု
ရင်ထဲကခံစားချက်ကိုလှစ်ဟပြခဲ့သည်။တစ်ချိန်ကမဂ္ဂဇင်းတစ်ခုနှစ်အင်တာဗျုးရာ
တွင်HIP HOPက အနှိမ်ခံလူတန်းစားကို ကိုယ်စားပြုတယ် ဟုဇေယျာသော်က
ပြောဘူးသည်။
