လက်ရှိဈေးကွက်ထဲတွင်နာမည်ကျော်သရုပ်ဆောင်များနှင့်စာချုပ်ချုပ်ဆို
ထားသည့်နာမည်ကျော်ဗီဒီယိုထုတ်လုပ်ရေးများမှအပကျန်သည့်ဗီဒီယိုထုတ်
လူပ်ရေးများမှာရပ်နားဖွယ်ရှိကြောင်းနာမည်ကျော်ဒါရိုက်တာတစ်ဦးကFree
dom News Groupသို့ပြောပြသည်။သရုပ်ဆောင်ကြေးအပြင်ရှူတင်စရိတ်
အပါအ၀င်အစစအရာရာဈေးတက်မှုကြောင့်ယခုကဲ့သို့ရပ်နားရခြင်းဖြစ်သည်
ဟုဆိုသည်။
၂၀၀၈ခုနှစ်အတွင်းရူပ်ရှင်၁၂ကား ရုံတင်ပြသခဲ့ပြီးDVD ၃၈ကားနှင့်ဗီဒီယိုဇာတ်
ကားပေါင်း၁၄၀၀ကျော်ထုတ်လုပ်ဖြန့်ချီခဲ့သော်လည်း မြန်မာဗွီဒီယိုလောကမှာ
အရှုံးဖြင့်သာရင်ဆိုင်နေရသည်ဟုဆိုသည်။ဗွီဒီယိုဈေးကွက်တွင်းသို့တနပ်စား
ဥာဏ်ဖြင့်ငွေထုတ်ပိုက်၍ ၀င်လာသူများးကြောင့် ဈေးကွက်ပျက်ရသည်ဟု
နာမည်ကျော်သရုပ်ဆောင်တဦးကဆိုသည်။ဈေးကွက်တွင်လည်း ဗမာဗွီဒီယို
ခွေငှားရမ်းရနှုန်းမှာ မီးဆက်တိုက်ပျက်နေ၍ နိုဝင်ဘာလကတည်းက အငှားဆိုင်
များတွင် လူပါးလျက်ရှိသည်။
မြန်မာဗီဒီယိုဈေးကွက်ပြိုလဲခဲ့ရခြင်းတွင်ခေတ်နှင့်လျှော်ညီခြင်းမရှိသည့်တင်းကျပ်
လွန်းသည့်စိစစ်ရေးကြောင့်ဟုလည်းသိရသည်။
