နိုင်ငံရေးအကုဉ်းသားဟောင်းလူရွှင်တော် ဦးပါပါလေး၊ ဦးလူမော် နှင့် ဦးလူဇော်တို့၏ ဖခင်ကြီးကွယ်လွန်

     ဒေါ်အောင်ဆန်းစုကြည်နှင့်နှုတ်ခမ်းမွှေးညီအက�ု
ဒေါ်အောင်ဆန်းစုကြည်နှင့်နှုတ်ခမ်းမွှေးညီအကို

ရေးသူ..တင်ကျော်ကျော်စိုး

မန္တလေးအခြေစိုက်နှုတ်ခမ်းမွှေးညီနောင်ဟူနာမည်တွင်သည့်နိုင်ငံရေးအကုဉ်းသားဟောင်း
လူရွှင်တော်ဦးပါပါလေး၊  ဦးလူမော် နှင့် ဦးလူဇော်တို့၏ ဖခင်ဖြစ်သူလူရွှင်တော်ကြီး ဦးညိုဘန်း

မှာ၁၃၇၀-ခု၊ပြာသိုလဆန်း(၄)ရက်၊ (၃၀-၁၂-၂၀၀၈) အင်္ဂါနေ့၊ နံနက်(၁း၀၀)နာရီအသက်၈၅နှစ်အရွယ်တွင်ကွယ်လွန်အနိစ္စရောက်
ခဲ့သည်ဟုသတင်းရရှိသည်။

စစ်အစိုးရအားအနုပညာဖြင့်ဝေဖန်တိုက်ခိုက်ခဲ့သည့်အတွက်လူရွှင်တော်ဦးပါပါလေးမှာ၁၉၉၆ခုနှစ်တွင်ထောင်ဒဏ်
အပြစ်ပေးခံရပြီးမြန်မာနိုင်ငံမြောက်ဖျားရှိကျိန်ခရမ်ခရဲဘက်စခန်းသို့ပို့ဆောင်ခြင်းခံရသည်။

လူရွှင်တော်ကြီး ဦးညိုဘန်း၏ကြွင်းကျန်ရစ်သောရုပ်ကလပ်ကိုမန္တလေးမြို့၊ မဟာအောင်မြေအရှေ့၊ ၈၀ x ၈၁
ကြား၊ ၃၉ လမ်းနေအိမ်မှ တောင်မြင့် သုဿန်သို့(၃၁-၁၂-၂၀၀၈) ဗုဒ္ဓဟူးနေ့၊ နေ့လည် (၁း၀၀)နာရီတွင်ပို့ဆောင်မီးသဂြိုဟ်
ခဲ့သည်ဟူသတင်းရရှိသည်။

One thought on “နိုင်ငံရေးအကုဉ်းသားဟောင်းလူရွှင်တော် ဦးပါပါလေး၊ ဦးလူမော် နှင့် ဦးလူဇော်တို့၏ ဖခင်ကြီးကွယ်လွန်

  1. ကျွန်တော့်ဘလော့ဂ်က ဦးညိုဘန်းကွယ်လွန်ခြင်းသတင်းနှင့် အခြား ဆောင်းပါးများကိုလည်း လာရောက်ဖတ်ရှုဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျား။

    http://bigbbrown.blogspot.com

Comments are closed.