ဗကသအဖွဲ့ဝင်“ကိုဗိုလ်မင်းယုကို” အား ထောင်ဒဏ်(၁၀၄)နှစ်ချမှတ်

ရေးသူ..ညွန့်သက်ထားဦး (Freedom News Group)

အထက်ဗမာပြည်(မန္တလေး)ဗကသ လူငယ်ကျောင်းသား ကိုဗိုလ်မင်းယုကို
အားအမှုပေါင်း(၄၀)ဖြင့် စွဲချက်တင်၍ ဒီဇင်ဘာလ(၁၆)ရက်နေ့က မန္တလေး
အိုးဘိုထောင်တွင်းတရားရုံးတွင်ရှေ့နေမပါဘဲ တဖက်သတ်  နှစ်ရှည်ထောင်
ဒဏ်(၁၀၄)နှစ်ချမှတ်ခဲ့သည်။

ကိုဗိုလ်မင်းယုကို သည် အမေတခုသားတခုဘ၀ဖြင့် စီးပွားရေးချို့တဲ့စွာ ရုန်း
ကန်နေရင်း အထက်ဗမာပြည်ကျောင်းသားအခွင့်အရေး လှုပ်ရှားမှုများတွင်
ပါဝင်ခဲ့သည်။ ကျောင်းသားထုအခွင့်အရေးနှင့် လူမှုရေးလုပ်ငန်းများ ဆောင်
ရွက်ခဲ့သည့် ကိုဗိုလ်မင်းယုကို အား ယခုလို နှစ်ရှည်ထောင်ဒဏ်(၁၀၄)နှစ်
ချမှတ်လိုက်ခြင်းမှာ ကျောင်းသားထုအခွင့်အရေး၊ လူ့အခွင့်အရေးနှင့် တရား
ဥပဒေကို နအဖစစ်အစိုးရမှ ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်းဖြစ်
သည်။ ယခုလို လူငယ်ကျောင်းသားတစ်ယောက်အပေါ် ချမှတ်သည့်ပြစ်ဒဏ်
်သည် မည်သည့်နိုင်ငံတကာတရားစီရင်ရေးစနစ်တွင်မှ မတွေ့ရနိုင်သည့် ဖြစ်
ရပ်မျိုး ဖြစ်ပါသည်။ မဆလခေတ် ကျောင်းသားခေါင်းဆောင် ကိုတင်မောင်ဦး
အား သေဒဏ်ပေးသည့်ဖြစ်ရပ်ပြီးလျှင် ယခု ကိုဗိုလ်မင်းယုကို ကို ချမှတ်လိုက်
သည့် ပြစ်ဒဏ်သည် မြန်မာနိုင်ငံကျောင်းသားသမိုင်းတွင် ဒုတိယမြောက်အကြီး
မားဆုံးဖြစ်သည်။

ဗကသ အထက်ဗမာပြည်(မန္တလေး) အဖွဲ့ဝင် ကျောင်းသား ကိုညီညီ

အားလည်း မန္တလေးထောင်တွင်း တရားရုံးကပင် ထောင်ဒဏ်နှစ်(၅၀)ချလိုက်ပါသည်။

နအဖစစ်အစိုးရက ကိုဗိုလ်မင်းယုကို အပါအ၀င် ဗကသလူငယ်မျိုးဆက်သစ်ကျောင်း
သားများကို တရားလက်လွတ် နှစ်ရှည်ထောင်ဒဏ်များချမှတ်နေခြင်းမှာ အစဉ်အလာ
ကြီးမားသော ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)အား အငြိုး
အတေးကြီးစွာဖြင့် ချေမှုန်းနေခြင်းဖြစ်ပါသည်ဟုတိမ်းရှောင်နေရသောဗကသ အဖွဲ့ဝင်
တစ်ဦးကFreedom News Group သို့ပြောပြသည်။

One thought on “ဗကသအဖွဲ့ဝင်“ကိုဗိုလ်မင်းယုကို” အား ထောင်ဒဏ်(၁၀၄)နှစ်ချမှတ်

Comments are closed.