ကိုယ်ဝန်ခြောက်လဖြင့်မကေသီအောင်ကိုထောင်ဒဏ်၂၆နှစ်ချမှတ်

မကေသီအောင်ကျောင်းတက်စဉ်ကပုံ
မကေသီအောင် ကျောင်းတက်စဉ်က ပုံ

ရေးသူ..တင်ကျော်ကျော်စိုး(Freedom News Group)

အဖမ်းမခံရခင်၁၀ရက်အလ�ုခန့်ကပုံ
အဖမ်းမခံရခင်၁၀ရက် အလိုခန့်ကပုံ

နိုင်ငံရေးလှုပ်ရှားမှုပြုနေသောခင်ပွန်းဖြစ်သူဗကသအထက်ဗမာပြည်(မန္တလေး)လူငယ်
၂၀၀၇မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုထွန်းထွန်းကို(၁၄၊၉၊၀၈)နေ့လည်(၁၂)နာရီအ
ချိန်တွင်မန္တလေးမြို့နေအိမ်ဉ်ဝင်ရောက်ဖမ်းဆီးရာတွင်မမိသဖြင့်
ကိုယ်ဝန်သုံးလဖြင့်ဇနီးဖြစ်သူမကေသီအောင်ကိုဖမ်းဆီးခေါ်ဆောင်သွားပြီးဒီဇင်ဘာလ၁၅ရက်နေ့
ကစာရွက်စာတမ်းဖြန့်ဝေမှု၊နိုင်ငံတော်အကြည်အညိုပျက်စေမှုများအပါအ၀င်အမှုပေါင်းလေးမှု
ဖြင့်ထေင်ဒဏ်၂၆နှစ်ချမှတ်လိုက်သည်ဟုသိရသည်။

ကိုထွန်းထွန်း၏အကိုကိုဝေမျိုးထူးကိုလည်းထောင်ဒဏ်၂၆နှစ်ချမှတ်ခဲ့ပြီးဦးဇင်းမေတ္တာနိုင်၊ ဦးဇင်းဦး
သာဂရ၊ဦးဇင်းဦးသုမင်္ဂလတို့မှာထိုအမှူတွဲများဖြစ်ကြပြီးကြပြီး၎င်းတို့၏အမှုတွဲတစ်ဦးဖြစ်သည့်

ကိုဗိုလ်မင်းယုကိုမှာမူထောင်ဒဏ်၁၄၀နှစ်ချမှတ်ခံရသည်။