

ရေးသူ..တင်ကျော်ကျော်စိုး
၂၀၀၉ ခုနှစ် ဇန်န၀ါရီလ၁ရက်နေ (့အတွဲ၅အမှတ်၁)ထုတ်ဝေသည့်ရန်ကုန်တိုင်းဂျာနယ်
တွင်ပါဝင်သည့်“နိုင်ငံရေးပါတီများနှင့် မြန်မာ့နိုင်ငံရေးမြင်ကွင်း သစ် ၂ဝဝ၉ တွင် ပုံပေါ်လာမည်”ဆိုသည့်မြန်မာ
နိုင်ငံရေးသုံးသပ်ချက်ကဏ္ဌတွင်ဆရာဒဂုန်တာရာက“ကျွန်တော်၂၀၀၄ခုနှစ်တုန်းကပြောခဲ့တာရှိပါတယ်။တစ်
ယောက်မကျန်တစ်ဖွဲ့မကျန်အားလုံးပါဝင်သောတပ်ပေါင်းစုဖွဲ့ကြပါ။ကြားရွေးကောက်
ပွဲလုပ်ပါ။လစ်လပ်ပြီးသားနေရာတွေမှာကိုစားပြုဖို့ရွေးကောက်ပြီးသားကိုစားလှယ်နဲ့အဟောင်းအသစ်ပေါင်းထားတဲ့
လွှတ်တော်ခေါ်ပေးပါ ။နှစ်ဖက်ဖြန်ဖြေပေးတဲ့အနေနဲ့ပြောတာပါ။အုပ်ချူုပ်တာ၊ဥပဒေပြုတာ၊တရားစီရင်တာ၊မျိုးတွေကို
လွှတ်တော်ကပဲလုပ်နိင်တာပါဟုပြောခဲ့သည့်
ဒဂုနိတာရာ၏အယူအဆကိုနိုင်ငံရေးလှုပ်ရှားသူများနှင့်ပြည်သူများကြားတွင်သဘောကျလျှက်ရှိသည်။
“ဒီနေ့NLDရုံးမှာလုပ်တဲ့၆၁နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားမှာလည်းလူကြီးတွေကဒီအကြောင်းကိုပဲပြောကြ
တယ်”အခမ်းအနားသို့တက်ရောက်
ခဲ့သည့်NLD လူငယ်တစ်ဦးကFreedom News Groupသို့ပြောပြသည်။
မြန်မာနိုင်ငံရေးသုံးသပ်ချက်ကဏ္ဌ၏“နိုင်ငံရေးပါတီများနှင့် မြန်မာ့နိုင်ငံရေးမြင်ကွင်း သစ် ၂ဝဝ၉ တွင် ပုံပေါ်လာမည်”
ဆိုသည့် ခေါင်းစဉ်ဖြင့် စကားဝိုင်းတွင်ဆရာဒဂုန်တာရာအပြင်ဝါရင့်နိုင်ငံရေးသမားဟောင်း သခင်သိန်းဖေ၊ သခင်လှကွန်းနှင့်
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ကြီးတို့ပါဝင်ဆွေးနွေးထားကြသည်။
