
နှစ်နှစ်အတွင်းပထမဆုံးအကြိမ်မြောက်HIV/AIDSနှင့်နေထိုင်သူများကူညီထောက်ပံ့ရေးဖျော်ဖြေ
ပွဲတစ်ရပ်ကို၆၁နှစ်ပြည့်မြန့်မာ့လွတ်လပ်ရေးနေ့ကရန်ကုန်မြို့အင်းလျားလိတ်ဟိုတယ်တွင်ကျင်းပ
သွားခဲ့ကြောင်းသတင်းရရှိသည်။
အဆိုပါရန်ပုံငွေဖျော်ဖြေပွဲကိုဂျန်ပန်ကလေးများ၏NGO တစ်ခုဖြစ်သည့်ဖူတိုကိုရို(FUTOKORO)နှငMyanmar
Polestars Travels & Tours Co.Ltd တို့ပူးပေါင်းကျင်းပကြောင်းသိရသည်။ဇန်န၀ါရီလ၄ရက်နေ့ကကျင်းပခဲ့
သည့်ထိုရန်ပုံငွေပွဲတွင်Lazy Club ဂီတအဖွဲ့နှင့်အတူဂျန်ပန်အဆိုတော်မလေးယိုကိုတိုဂါဝါလည်းပါဝင်သီဆိုခဲ့သည်
ဟုသိရသည်။ညနေ၆နာရီမှ၁၀နာရီထိကျင်းပသောဂီတဖျော်ဖြေပွဲမတိုင်မီCharityဈေးရောင်းပွဲတော်ကိုညနေ၄နာရီ
မှ၆နာရီထိကျင်းပခဲ့ရာဂျပန်ရိုးရာမုန်နှင့်မြန်မာရိုးရာမုန့်ပဲသရေစာများရောင်းချသည့်ဆိုင်များမှာစည်ကာကြောင်း
Myanmar Polestars မှဝန်ထမ်းတစ်ဦးကပြောသည်ရန်ပုံငွေပွဲကျင်းပပြုလုပ်ရခြင်းမှာ ၂၀၀၄ခုနှစ်ကတည်းကစ၍
၎ကြိမ်တိုင်ရှိသွားပြီဖြစ်ကြောင်း ၊ရရှိသည့်ငွေများကို HIV နှင့်နေထိုင်သူများကို ကူညီထောက်ပံ့မှုပေးနေသည့် AFXB
အဖွဲ့ကိုလှူဒန်းမှာဖြစ်ကြောင်း သိရသည်။ရန်ပုံငွေတေးဂီတဖျော်ဖြေပွဲမှာ တဦးလျှင် ၇၀၀၀ကျပ်ဖြင့်ဝင်ရောက်ကြည့်
ရှုနိုင်ပြီး ပွဲကျင်းပရခြင်း၏အဓိကရည်ရွယ်ချက်မှာ HIV/AIDS အပေါ်သတိပြုမိစေဖို့ဟုဆိုသည်။
