ဦးဝင်းတင်ဆန့်ကျင်ရေးစာကိုဂျာနယ်များတွင်ဖိအားပေးထည့်ခိုင်း

ဦးဝင်းတင်အားစွပ်စွဲရေးသားထားစာအားဂျယ်နယ်များတွင်ထည့်သွင်းခ�ုင်း
ဦးဝင်းတင်အားစွပ်စွဲရေးသားထားစာအားဂျယ်နယ်များတွင်ထည့်သွင်းခိုင်း
NLDလူငယ်များက�ုနှ�ပ်ကွပ်ရေးသားထားပုံ
NLDလူငယ်များကိုနှိပ်ကွပ်ရေးသားထားပုံ

ပြီးခဲ့သည့်ဒီဇင်ဘာလ၃၀ရက်နေ့ကဖြစ်ပွားခဲ့သည့်NLDလူငယ်ကိုးဦး၏ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက်ရေးဆန္ဒပြပွဲကိုရှုတ်ချရေးသားထားသည့်ဆောင်းပါးနှင့်အတူထိုဆန္ဒပြပွဲကိုNLD
မှဦးဝင်းတင်နှင့်ဦးခင်မောင်ဆွေတို့ကမြှောက်ပင့်ပေးသောကြောင့်ဖြစ်ရသည်ဟုစွပ်စွဲရေးသား
ထားသည်။နအဖ၏အဆိုပါဆောင်းပါးကိုယခုအပတ်ထုတ်ဝေသည့်ဂျာနယ်များတွင်စာပေစိစစ်
ရေးကအတင်းအကျပ်ထည့်သွင်းဖေါ်ပြခိုင်းကြောင်းကြားသိရသည်။

ထိုကိစ္စနှင့်ပတ်သက်၍Freedom News Groupမှရန်ကုန်အခြေစိုက်ဝါရင့်စာနယ်ဇင်းသမား
တစ်ဦးထံသို့ဆက်သွယ်မေးမြန်းကြည့်ရာ“ပထမကလေးတွေကိုအပုတ်ချတယ်နောက်လူကြီး
တွေကိုထွေလီကာလီလျှေက်ပြောတယ်၊သတင်းစာရှင်းလင်းပွဲလိုမျိုးလုပ်ပြီးကိုထုတ်တဲ့သတင်း
စာထဲမှာမထည့်ဘူးသူများဂျနယ်တွေမှာလျှောက်ထည့်တယ်”ဟုပြောဆိုသွားခဲ့သည်။