ဝေဖန်မှုများနဲ့CITY FM ဆုပေးပွဲ

CityFM ဆုရရှသူများ
CityFM ဆုရရှိသူများ

၂ဝဝ၉ ခုနှစ် ဇန်နဝါရီ ၃ ရက်ညက မင်းဓမ္မလမ်းရှိ Myanmar Covention
Center (MCC)
တွင်ကျင်းပခဲ့သည့်၇နှစ်မြောက် နှစ်ပတ်လည်ဆုပေးပွဲနှင့်ပတ်သက်၍ဂီတလောကတွင်ဝေဖန်
မှုများကျယ်ကျယ်လောင်လောင်ဖြစ်နေသည်။အချို့ဆုရရှိသူတွေများမှာ  နှစ်နှစ်ဆက်တိုက်၊
သုံးနှစ်ဆက်တိုက်ဖြစ်နေကြသည်ဟုသိရသည်။

“ဆုတွေကသူတို့ပဲရပြီးရင်းရင်းဖြစ်နေတယ်”လို့ဂိတဝေဖန်ရေးသမားတစ်ဦးကငြီးတွားခဲ့ပြီး
လူငယ်အဆိုတော်တစ်ဦးကမူ“ဆိုမယ့်လူကလဲမရှိတော့ ပေးရမယ့်လူကလည်းမရှိဘူး။ဒါပေမယ့်
City FM (စည်ပင်)က ပြီးရင်အခွေထုတ်စားတော့ ဆုအတွင်ရင်းထားတာ ကိုက်တာပေါ့၊
ဟု Freedom News Group သို့ ပြောခဲ့သည်။

၂၀၀၉ခုနှစ်၏ ၇နှစ်မြောက်နှစ်ပတ်လည်အခမ်းအနား တွင်လည်း ဆုပေါင်း ၇ဆုကိုရွေးချယ်
ခဲ့ရာတွင်၂၀၀၈ခုနှစ်ရောင်းအားအကောင်းဆုံးမြန်မာသံစဉ် တေးထုတ်လုပ်သူဆုကို ကမ္ဘာ

ကျော်တေးသံသွင်းမှ ၀ါဆိုမိုးနဲ့ပြန်ခဲ့ပါတေးစီးရီးဖြင့်လည်းကောင်း၊
၂၀၀၈ခုနှစ်ရောင်းအားအကောင်းဆုံးစတူဒီယိုတေးထုတ်လုပ်သူဆုကို ၁၀စက္ကန့်တေးစီးရီး
(၁+၂) ထုတ်လုပ်သော
စိုးသက်အောင်ထုတ်လုပ်ရေးမှလည်းကောင်း၊ ၂၀၀၈ရောင်းအားအကောင်းဆုံး မြန်မာသံစဉ်
တေးစီးရီး သီဆိုသူအ
မျိုးသားဆုနှင့် အမျိုးသမီးဆုကို ဗညားဟန်မှပထမအကြိမ်ဆွတ် ခူးကာ စိုးစန္ဒာထွန်းမှ တတိယ
အကြိမ်ထပ်မံဆွတ်
ခူးခဲ့သည်။ ထို့နောက်၂၀၀၈ခုနှစ်ရောင်းအား အကောင်းဆုံးစတူဒီယိုတေး စီးရီးသီဆိုသူဆုကို
အတိုင်းထက်အလွန်
တေးစီးရီးအားသီဆိုသူ နောနော်မှရရှိခဲ့သည်။ ၂၀၀၈ခုနှစ်တစ်နှစ်တာလုံးအတွင်း City FM တွင
်
သီချင်း တောင်းဆိုမှုအများဆုံးဆုကို Rဇာနည်မှထပ်မံဆွတ်ခူးခဲ့သလို၊၂၀၀၈ခုနှစ်၏ ပေါ်ပြူလာ
အဖြစ်ဆုံးအမျိုးသမီးတေးသံရှင်ဆုကိုLဆိုင်းဇီမှ ဒုတိယအကြိမ်အဖြစ်လည်းကောင်း၊အသီးသီး
ရရှိခဲ့ကြသည်