ထောင်တွင်းတရားရုံးအမိန့်ဖြင့်ရန်ရန်ချမ်းလွတ်မြောက်လာ

မြန်မာနှစ်သစ်ကူးကာလအတွင်းမုံရွာမြို့ရှိမိတ်ဆွေတစ်ဦး၏နေအိမ်သို့သွားရောက်
လည်ပတ်စဉ်အတွင်းအာဏာပိုင်အဖွဲ့၏ဖမ်းဆီးထိန်းသိမ်းခြင်းခံရပြီး၁၀ လကြာ
အင်းစိန်ထောင်တွင် ဖမ်းဆီးချုပ်နှောင်ခြင်းခံရသူ ဟစ်ဟော့ပ် အဆိုတော်ရန်ရန်
ချမ်းကို ယမန်နေ့က ပြန်လည်လွှတ်ပေးလိုက်သည်ဟု သတင်းရရှိသည်။

ရန်ရန်ချမ်းနှင့်အနီးစပ်ဆုံးဖြစ်သူ ဟစ်ဟော့အဆိုတော်တဦးကို ထိုသတင်းနှင့်ပက်
သတ်၍အတည်ပြုမေးမြန်းကြည့်ရာ “ဟုတ်တယ် မနေ့ကလွတ်လာတယ်လို့သူ့အိမ်
ကပြောတယ်၊ကျွန်တော်တို့တောင် တရက်တွေ့ဖို့စီစဉ်ထားတယ်” ဟု
Freedom News Group သို့ပြောကြားခဲ့သည်။

အက်စစ်အဖွဲ့မှ ရန်ရန်ချမ်း၏သူငယ်ချင်းဖြစ်သူ ဟစ်ဟော့ပ်အဆိုတော်ဇေယျာသော်
ကိုမူ ထောင်ဒဏ် ၆နှစ်ချမှတ်ခဲ့ပြီး တင်္နသာရီတိုင်းရှိကော့သောင်းထောင်သို့ပြောင်း
ရွှေ့ခဲ့သည်။