
ရေးသူ..ညွန့်သက်ထားဦး အရှေ့အလယ်ပိုင်းတွင်ဖြစ်ပွားနေသောအစ္စရေးစစ်တပ်၏ဂါဇာကမ်းမြှောင်ဒေသရှိမူဆလင်တို့အပေါ်
အထိအခိုက်အများဆုံးထိုးစစ်ကြောင့်ရန်ကုန်ပလီများတွင်ဆုတောင်းပွဲများဖြစ်လာ၍ပလီအနီးတွင်ရဲ
မီးသတ်နှင့်ကြံ့ဖွတ်တို့စောင့်ကြည့်ခိုင်း၍လုံခြုံရေတိုးမြှင့်ချထားသည်ဟုသတင်းရရှိသည်။
ရန်ကုန်တိုင်းစစ်ဌာနချုပ်မှလည်းစစ်ဒေသများကိုမွတ်စလင်ရပ်ကွက်များနှင့်ပတ်သက်၍အထူးစောင့်
ကြည့်ရန်ညွှန်ကြားထားသည်။သောကြာနေ့ပလီများတွင်ဝတ်ပြုဆုတောင်းပွဲများကိုအာဏာပိုင်များက
စောင့်ကြည့်ကြောင်းရန်ကုန်မြို့မင်္ဂလာတောင်ညွန့်ရှိတခြမ်းပဲ့ပလီတွင်ဝတ်ပြုဆုတောင်းသူတစ်ဦးက
င်္Freedom News Groupသို့ပြောသည်။
စက်တင်ဘာ၁၁ကိစ္စဖြစ်ပွားစဉ်ကမန္တ လေး၊ကျောက်ဆည်နှင့်တောင်ငူရှိမွတ်ဆလင်များမငြိမ်မသက်
ဖြစ်ပွားခဲ့ကြသည့်အတွက်အာဏာပိုင်များကသတိထားစောင့်ကြည့်ခြင်းဖြစ်သည်ဟု၂၅လမ်းပလီမိ
သားစုမှဆိုသည်။“ကျွန်တော်တို့ကတော့ကိုယ့်ဘာသာဝင်တွေမှမဟုတ်ဘူးဘပ်သူဒုက္ခရောက်ရောက်
ဆုတောင်းပေးရမှပဲရွှေဝါရောင်တော်လှန်ရေးတုန်းကလည်းဘုန်းဘုန်းတွေနဲ့အတူမေတ္တာပို့ဆုတောင်း
ပေးခဲ့တာပဲ”လို့ရွှေဝါရောင်တော်လှန်ရေးတွင်ပါဝင်ပြီးအင်းစိန်GTIတွင်၁လကြာဖမ်းဆီးထားခြင်းခံရ
သူကိုအောင်မြင့်နိုင်ကသူ့အမြင်ကိုပြောပြပါသည်။
ဖြစ်သည်။
