သစ်ကိုပြောင်နေအောင်ခုတ်၍ရွေးကောက်ပွဲရံပုံငွေရှာမည်

ရေးသူ..စိမ်းစိမ်းစိုစို(Guest Writer of FNG)

ကမ္ဘာရေနံဈေးနှုန်းကျဆင်းပြီးသဘာဝဓာတ်ငွေ့တင်ပို့မှူလည်းကျဆင်းခဲ့ရသောမြန်မာစစ်အစိုးရ
သည်အကြံကုန် ဂဠုန်ဆားချက်ဆိုသလိုသစ်ကိုပြောင်နေအောင်ခုတ်ပြီးတိုင်းပြည်ကိုဆဟာရသဲ
ကန္တာရလိုလုပ်ဖို့စိတ်ကူးရှိလာပါတယ်။

ပြည်ပကိုဆန်တင်ပို့ခွင့်ပါမစ်ရထားတာတောင်အားမရပဲနယ်စပ်ထိပါဆန်တင်ပို့နေတဲ့ဗိုလ်ရွှေမန်း
ရဲ့သားကုမ္ပဏီဖြစ်တဲ့ဧရာရွှေဝါကုမ္ပဏီကလည်းနာဂစ်ကြောင့်ဧရာဝတီလုပ်ကွက်မကောင်းတဲ့အခါ
တောပြောင်းဖို့ကြံပါတော့တယ်။

တရားမ၀င်နယ်စပ်ကခိုးထုတ်တဲ့သစ်တွေကလဲရှိနေ၊အဲဒီသစ်တွေကိုတရုတ်ဘက်ခိုးထုတ်ရာမှာလည်း
တိုင်းမှုးတွေ၊တပ်မှုးတွေအထိပါဝင်ပါတယ်။ပြီးခဲ့တဲ့လကနေပြည်တော်မှာအစည်းအဝေးခေါ်တဲ့အခါ
အလုပ်သမားဝန်ကြီး၊ဟိုတယ်ခရီးဝန်ကြီး၊သတ္တုတွင်းဝန်ကြီးနဲ့မွေးရေ၀န်ကြီးတွေကတော့ကမ္ဘာစီးပွား
ပျက်ကပ်ဆိုက်ပြီငါတို့ကိုလာအားကိုးလည်းအပိုပဲဆိုတဲ့အကြည့်မျိုးနဲ့ဗိုလ်သန်းရွှေကိုကြည့်ကြပါတယ်။

ဒါပေမယ့်သစ်တောဝန်ကြီးတစ်ယောက်ကတော့ကသာ၊ကောလင်းနဲ့ရှမ်းအရှေ့မြောက်ဒေသကသစ်
တောတွေကိုခုတ်လှဲပြီး၂၀၁၀အတွက်ဈေးဖိုးလေးရအောင်ပြန်ရှာကြံလို့ရပါတယ်သံတော်ဦးတင်တဲ့
အခါရေနံမှော်တွေကိုတောင်ဝင်တိုးဖို့ကြံနေတဲ့ဗိုလ်သန်းရွှေရောဗိုလ်ရွှေမန်းကရောပြည်ပ၀ယ်လက်
တွေကိုစုံစမ်းပြီးအမြန်ဆုံးအကောင်အထည်ဖေါ်ဖို့ခွင့်ပြုပါတယ်။

အမှန်တော့ဗိုလ်မှူးချုပ် သိန်းအောင်ကတစ်ချက်ခုတ်နှစ်ချက်ပြတ်စီစဉ်လိုက်တာပါ။ရွေးကောက်
ပွဲဝင်မယ်လို့သတင်းပြေးနေတဲ့0န်ကြီး၁၀ဦးထဲမှာသူက၀န်ကြီးသက်အနုဆုံးနဲ့သု့ရှေက၀န်ကြီး
တွေစားသွားသမျှအရိုးအရင်းလေးကိုက်ရသူဖြစ်ပါတယ်။ကျန်တဲ့ဝန်ကြီးတွေကသူ့ခွင်နဲ့သူရှိနေ
ကြတော့သူကလည်းရွေးကောက်ပွဲမှာရှူံးခဲ့ရင်တောင်အိုစာမင်းစာလေးရအောင်ဒီလိုအရဲစွန့်ပြီး
ကြံစည်ရတာပါ။

နေပြည်တော်မှာအကြံအောင်ခဲ့တဲ့ဝန်ကြီးကရန်ကုန်ပြန်ရောက်တယ်ဆိုရင်ပဲမင်းရဲကျော်စွာလမ်း
ကသစ်လုပ်ငန်းရှင်တွေကိုခေါ်စာနယ်ဇင်းတွေကိုခေါ်သတင်းစာရှင်းလင်းပွဲလုပ်(တရုတ်သတင်း
ထောက်တစ်ဦး
ပင်ပါသေးသည်)နောင်သစ်ရောင်းပြီးရွေးကောက်ပွဲဝင်တာလူမသိရအောင်ပုဂ္ဂလိကသစ်တော
စိုက်ခင်းတွေကိုခွင့်ပြုကြောင်းကြေငြာချက်ထုတ်ပါတယ်။(၀န်ကြီးဌာနတွေကသတင်းသမားတွေကို
အ၀င်မခံတော့သည့်အချိန်တွင်သတင်းစာရှင်းလင်းပွဲလုပ်ရဲသည့်တစ်ဦးတည်းသောဝန်ကြီး)
မြို့တော်ဝန်မှအပ

အဲဒီကြေငြာချက်မှာပါဝင်တဲ့ATSO Green, Yeedagon, NRTC and Hondaစတဲ့ကုမ္ပဏီတွေ
ဟာသစ်စိုက်မှာလို့ဆိုပေမယ့်၂၀၀၇-၂၀၀၈ဏ္ဍာရေးနှစ်မှာသစ်ကနေဒေါ်လာသန်း၅၀၀ကျော်ဖိုးရ
အောင်ရှာသွားတဲ့နေပြည်တော်ကတူသားနောင်မယ်တွေရဲ့ကုမ္ပဏီတွေဖြစ်ပါတယ်။

ဆောင်းပါးရှင်စိမ်းစိမ်းစိုစိုမှာရန်ကုန်အခြေစိုက်သတင်းထောက်တစ်ဦးဖြစ်ပြီးနာမည်ရင်းမဟုတ်ပါ