ဓာတ်ငွေ့ဆိုင်များမီးပျက်၍CNGကားများလိုင်းမဆွဲနိုင်

CNGအရောင်းဆုင်တစ်ခု
CNGအရောင်းဆိုင်တစ်ခု

ရေးသူ..တင်ကျော်ကျော်စိုး(Freedom News Group)

ရန်ကုန်မြို့ တွင်မကြာခဏလျှပ်စစ်မီးပြတ်တောက်မှုများဖြစ်နေ၍CNGဓာတ်ငွေအြရောင်းဆိုင်များ၏
ဓာတ်ငွေ့ရောင်ချရမှုမှာလျှပ်စစ်မီးရရှိသည့်အပေါ်တွင်သာမူတည်နေကြောင်းစုံစမ်းသိရှိရသည်။
ဓာတ်ငွေ့ဆိုင်များတွင်မီးပျက်နေသည့်အခါဓာတ်ငွေ့မပေးနှိုင်၍မော်တော်ကားတန်းရှည်ကြီးမှာစီတန်း
လျှက်စောင့်ဆိုင်းရကြောင်းသိရှိရသည်။ထိုသို့စီတန်း၍စောင့်ဆိုင်းရမှူကြာသည့်အတွက်အချို့ခရီး
သည်တင်လိုင်းကားများပုံမှန်လိုင်းမပြေးဆွဲနိုင်ဖြစ်ရသည်။

ဒဂုံမြို့သစ်နှင့်ဆူးလေကိုပြေးဆွဲနေသည့်၂၀၇လိုင်းကားမှယာဉ်မောင်းကိုစိန်ကျော်ကမူ”ကျွန်တော်တို့
ကားကပါရမီဆိုင်၂၄မှာဖြည့်တာဆိုင်မှာမီးပျက်နေတာနဲ့တန်းစီရတာတစ်နေကုန်သွားရောဘယ်လိုလုပ်
ကားထွက်နိုင်မှာလဲ”ဟုငြီးငြူကာပြောသည်။

ရန်ကုန်မြို့တွင်CNGဆိုင်ပေါင်ူ၃၂ဆိုင်ရှိသော်လည်းလျှပ်စစ်မီးပုံမှန်မလာ၍ဓာတ်ငွေ့မပေးနိုင်သော
ကြောင့်မော်တော်ကားများအချိန်ကြာမြင့်စွာစောင့်ဆိုင်းရသည်ဟုသိရသည်။ဓာတ်ငွေ့ပုံမှန်မရသော
ကြောင့်တက္ကစီယာဉ်မောင်းများနှင့်ခရီးသည်တင်လိုင်းကားများပုံမှန်ပြေးဆွဲပေးနိုင်ခြင်းမရှိသဖြင့်ဝင်
ငွေထိခိုက်ပြီးနေ့စဉ်ခေါက်ရေများလည်းလျှော့ကျသဖြင့်ခရီးသည်များလည်းဒုက္ခရောက်ကြရသည်။

မြောက်ဥက္ကလာခြောက်ကွေ့တွင်ရှိသောဓာတ်ငွေ့ဆိုင်တွင်မူမီးပျက်လျှင်ဓာတ်ငွေ့ထည့်ရန်စောင့်ဆိုင်း
နေသောကားတန်းကြီးမှာခြောက်ကွေ့မှသည်ရွှေပေါက်ကန်မြို့အ၀င်ကားကြီးဂိတ်နှင့်ထိုမှဂိတ်ဟောင်း
ကွေ့အကျော်ဒဂုံမြို့သစ်ကြိုးတံတားနားထိရောက်ကာ၁မိုင်ကျော်ရှည်လျားသည်။

ကမ္ဘာစီးပွားပျက်ကပ်ကြောင့်ရေန့နှင့်သဘာဝဒာတ်ငွေ့ဈေးနှုန်းများနိုင်ငံတကာတွင်ကျသော်လည်းစစ်
အစိုးရကCNGသဘာဝဓာတ်ငွေ့ဈေးနှုန်းများကိုပြန်လည်ချထားပေးခြင်းမရှိချေ။