ဒီနေ့ ဟာ အစဖြစ်တယ်
မောင်တင်သစ်
ပင်လယ်ကိုဖြတ်လာတဲ့ မိုးနံ့ ပါတဲ့လေလို
မြို့ ကြီးထဲ
နေရောင်ဟာ
အုန်းလက်ကိုင်းဖျားနဲ့  အိမ်အမိုးစွန်းကို ဖြတ်ပြီး
ခပ်စောင်းစောင်းကျနေမယ် ။
သစ်ပင်တွေဟာရေစိုလို့ -
သူတို့  အမွေးအတောင်တွေကိုဖြန့် ပြီး
ကနေတဲ့ ဒေါင်းပျိုတွေလို
အစိမ်းရောင် ပွပွ၊ လှလှကြီးဖြစ်နေမယ်။
အိမ်ရှေ့ လမ်းမပေါ်မှာ မော်တော်ကားတွေဟာ
ကြိုတင်တိုင်ပင်ထားကြသလိုပဲ
ဝး၀၀ နာရီမှာ
ဟွန်းတွေ တစ်ပြိုင်နက်ထဲတီးလိုက်ကြပေါ့ ။
ဒါဟာ အစပဲ
အရာအားလုံး
အစက ပြန်စမယ့် အစပဲ ။
လေပြည်ညှင်းဟာ
အရပ်မျက်နှာအသီးသီးက
တစ်လှည့်ပြီးတစ်လှည့် တိုက်နေမယ် ။
ငါတို့ ဟာ
ငါတို့ ဟာ
လေညှင်းနဲ့ အတူပါလာတဲ့ ပန်းရနံ့ တွေလို
ဒီနေရာကို
စုဝေးရောက်ရှိလာကြမယ် ။
သမိုင်းဝင်ဓါတ်ပုံထဲက
မျက်နှာမျိုးတွေနဲ့ 
အားလုံးဟာ
တည်ကြည်ခန့် ငြားကြလို့ ပေါ့ ။
မြို့ အနှံ့ က ခေါင်းလောင်းတွေဟာ
အနှစ်နှစ် အလလ ဆွံ့ အနေခဲ့တဲ့ သူတို့ အသံ
သူတို့ ပြန်ရပြီမို့ 
ဝမ်းသာမဆုံးဖြစ်လို့ 
( အပြုံးမျက်နှာတွေဟာ
ပြန်ပြီးတည်လို့ မရတော့သလို့ မျိုး )
ကန်ရေပြင်ဟာ
သူကိုယ်တိုင် ကုန်းပေါ်တက်လာပြီး
ပွဲတော်မှာ နွှဲချင်နေတယ် ။
လက်ခုပ်သံတွေဟာ
လက်ခုပ်သံတွေဟာ
တိကျတယ် ။
အပိုအလိုမရှိဘူး ။
ရုပ်ရှင်မရိုက်ဘူး ။
ဇာတ်တိုက်မထားဘူး ။
တာထွက်တော့မယ့်
အားမာန်တွေဟာ
အချက်ပေးသံကို စောင့်နေကြပြီ ။
ကျားတွေဖြတ်ဖို့ 
ကျားတွေဖြတ်ဖို့ 
တောမှာ
လမ်းခင်းထားရိုးမရှိဘူး ။
ချောင်းတွေ့ ရင်
ခုန်ကျော်သွားဖို့ ပဲ
ချောင်းကျယ်ရင်ဖောင်ဖွဲ့ မယ် ။
ဒီနေ့ ဟာ “ အစ ” ဖြစ်တယ် ။
အရာအားလုံး
အစကပြန်စမယ့် “ အစ ” ဖြစ်တယ် ။
ဒီနေ့ ဟာ
ဒီနေ့ ဟာ
ကမ္ဘာပေါ်မှာ
အလှဆုံးနေ့ တွေထဲက တစ်နေ့ ဖြစ်တယ် ။
ဒီနေ့ ဟာ
စစ်ပွဲစတင်တဲ့နေ့  မဟုတ်ဘူး ။
စစ်ပွဲပြီးဆုံးတဲ့နေ့  မဟုတ်ဘူး ။
ဒီနေ့ ဟာ
မေတ္တာ စတင်တဲ့နေ့ 
` မေတ္တာအောင်နိုင်တဲ့နေ့ 
ဖြစ်ရဲ့ 
ဒီနေ့ ဟာ
ငြိမ်းချမ်းမှု စတင်တဲ့နေ့ 
ငြိမ်းချမ်းမှုအောင်နိုင်တဲ့နေ့ 
ဖြစ်ရဲ့ ။
ဒီနေ့ မှာ
စစ်နိုင်သူ မရှိဘူး ။
စစ်ရှုံးသူ မရှိဘူး ။
ဒီနေ့ အကြောင်း
ကဗျာတပုဒ်ရေးရပေလိမ့်မယ်။
ဒီနေ့ အကြောင်း
ကဗျာတပုဒ်မရေးခဲ့ဘူးဆိုရင်
ငါဟာ
ဘာမှမရေးခဲ့တဲ့ လူတစ်ယောက်နဲ့ 
ဘာထူးဦးတော့မလဲ ။
ဧပြီ ၊ ၂၀၀၇ စံပယ်ဖြူ ၊ မဂ္ဂဇင်းမှကူးယူဖေါ်ပြပါသည်

လွပ်လပ်ေ၇း၇ဲ့ဖခင်ဗိုလ်ချုပ်၇ယ်သမိုင်းကသင်ပေးတာတခု၇ှိတယ်
၇သင့်တဲ့အခွင့်ေ၇းဆိုတာတောင်းစ၇ာမလို မပေး၇င်လှုယူ၇မယ်