့်ပါတီသစ်များမှတ်ပုံတင်ကြေးသိန်း၂၀ထိပေးရမည်

Freedom News Groupမှတင်ဆက်သည်

ရွေးကောက်ပွဲနှင့်ပတ်သက်သောသတင်းထုတ်ပြန်မှုတစ်ခုကိုစစ်အစိုးရထိန်းချုပ်ထားသည့်
မီဒီယာတစ်ခုမှယခုအပတ်အတွင်းကြေငြာမည်ဆိုသောအတည်ပြုမရသည့်သတင်းမျာကြောင့်
ရန်ကုန်နိုင်ငံရေးလောကတွင်လှုပ်လှုပ်ရှားရှားဖြစ်သွားပြီးရွေးကောက်ပွဲကော်မရှင်ကိုအသစ်
ပြန်လည်ဖွဲ့စည်းသည့်သတင်းထုတ်ပြန်ချက်ကိုမကြာခင်ကြားရတော့မည်ဖြစ်ကြောင်းယခင်အ
ရေးတော်ပုံပါတီမှပါတီဝင်ဟောင်းတစ်ဦးကရန်ကုန်နိုင်ငံရေးအခြေအနေကိုFreedom News
Group သို့ပြောပြသည်။

ရွေးကောက်ပွဲဝင်မည့်ပါတီသစ်များမှာမှတ်ပုံတင်ကြေးနှင့်အနည်းဆုံးမဲအရေအတွက်မရလျှင်
ဆုံးမည့်စပေါ်ငွေအတွက်ကျပ်ငွေသိန်း၂၀ခန့်ထိပေးရမည်ဟုနိုင်ငံရေရပ်ကွက်များတွင်သတင်း
ထွက်နေသည်။

၁၉၉၀ရွေးကောက်ပွဲတွင်လည်းထိုကဲ့သို့ပါတီမှတ်ပုံတင်ကြေးများတောင်းခံခဲ့သော်လည်းစစ်တပ်
ကျောထပ်နောက်ခံပြုထားသောပါတီဖြစ်သည့်တစညအတွက်ရုံးခန်း၊တယ်လီဖုံးနှင့်မဲဆွယ်ရာတွင်
စစ်ကားများပါသုံးခွင့်ပြုခဲ့သည်။

ရွေးကောက်ပွဲဝင်မည်ဟုသတင်းကြီးနေသည့်ပုဂ္ဂိုလ်တစ်ဦးကမူ“သူတို့(ကြံ့ဖွတ်၊တစည)တို့နဲ့အ
ပြိုင်လိုက်ပြီးမဲဆွယ်ရရင်တော့မချောင်ဘူးသူတို့ကဖုန်း၊ကားပစ္စည်းအပြည့်အစုံနဲ့ကျွန်တော်တို့ကို
တော့ဘာမှရေရေရာမပြောသေးဘူး၊တစညဆိုရင်မဲတောင်ဆွယ်နေပြီ”လို့သူကပြောသည်။

စစ်အစိုးရအနေဖြင့်တစညနှင့်ကြံခိုင်ရေးတို့ရွေးကောက်ပွဲအတွက်စတင်ပြင်ဆင်နေပြီဖြစ်သော်
လည်းကျန်ပါတီများအနေဖြင့်ရှင်းရှင်းလင်းလင်းမသိရသေးသည့်အတွက်မကျေနပ်သံများထွက်
ပေါ်နေကြသည်။