ပရော်ဖက်ရှင်နယ်သာအလိုရှိသည်(အတွေးအမြင်)

အောင်ပွဲခံနေစဉ်
အောင်ပွဲခံနေစဉ်
ခင်ပွန်းဖြစ်သူ၏ဂုဏ်ပြုအနမ်း
ခင်ပွန်းဖြစ်သူ၏ဂုဏ်ပြုအနမ်း

ရေးသူ..ကယ်ဗင်ငြိမ်း(Renovatio ThinkThank Group)

၁၁ရက်နေ့ကကျင်းပခဲ့သည့်၆၆ကြိမ်မြောက်ရွှေကမ္ဘာလုံးဆုပေးပွဲတွင်တိုက်တန်းနစ်မင်းသမီး
ဟုနာမည်ကြီးခဲ့သည့်မင်းသမီးကိတ်ဝင်းစလက်ကအကောင်းဆုံးမင်းသမီးဆုအပါအ၀င်အ
ကောင်းဆုံးဇတ်ပို့ဆုပါရရှိခဲ့သည်။
The Reader
ဇာတ်ကားဖြင့်အကောင်းဆုံးဇာတ်ပို့မင်းသမီးဆုရှိပြီးRevolutionary Roadဇာတ်
ကားဖြင့်အကောင်းဆုံးမင်းသမီးဆုရရှိခဲ့သည်။ထိုဇတ်ကားနှစ်ခုလုံး၏ထူးခြာသည့်အချက်မှာလိင်
ပိုင်းဆိုင်ရာပြကွက်များကိုအသားပေးပြထားခြင်းဖြစ်သည်။The Readerဇာတ်ကားဆိုလျှင်ကိတ်
ဝင်းစလက်ကသူ့ထက်အသက်များစွာငယ်သည့်သရုပ်ဆောင်သစ်တစ်ယောက်နှင့်လိင်ဆက်ဆံ
ခန်းများပါသည်။
Revolutionary Roadဇာတ်ကားကိုသူ၏ခင်ပွန်းဖြစ်သူဒါရိုက်တာဆမ်မမ်ဒက်ကရိုက်ကူးပြီး
တိုက်တန်းနစ်ဇာတ်ကားရိုက်ကူးစဉ်ကအတွဲညီခဲ့သူမင်းသားလီယိုနာဒိုဒီကာပရီယိုနှင့်ပင်ပြန်လည်
ရိုက်ကူးခဲ့သည်။

ရွှေကမ္ဘာလုံးဆုရရှိပြီးနောက်၂ရက်အကြာတွင်အော်ပရာဝင်းဖရေးနှင့်အင်တာဗျုးရာဝင်းဖရေးက
“ရှင့်ယောင်္ကျားအရှေ့မှာဒီလိုကြီးသရုပ်ဆောင်ရတယ်ဆိုတော့နဲနဲမရှက်ဘူးလား”ဆိုသည့်မေးခွန်း
ကိုကိတ်ဝင်းစလက်က“သူလည်းသူ့အလုပ်သူလုပ်ပေါ့(ရိုက်ကူးရေး)ကျွန်မလဲကျွန်မအလုပ်ကျွန်မ
လုပ်တာကိုယ့်ဟာနဲ့ကိုအကောင်းဆုံးဖြစ်အောင်လုပ်ဖို့ပဲလိုတယ်”ဟုပြန်လည်ဖြေကြားခဲ့သည်။

ဟောလီဝုဒ်တွင်နာမည်ရပြီးသည့်မင်းသမီးများမှာလိင်ဆက်ဆံခန်းများအသားပေးထားသည့်ဇာတ်
ကားများတွင်သရုပ်ဆောင်ရမည်ကိုယခုနောက်ပိုင်းတွင်ရှောင်လာကြသည်။အထူးသဖြင့်ကိုယ်နှင့်
တန်းမတူသည့်သရုပ်ဆောင်များနှင့်ဆိုလျှင်တွဲမရိုက်ချင်ကြပေ။ကိတ်ဝင်းစလက်ကတော့ယခုမှကင်
မရာဆိုတာကိုသေသေချာချာမြင်ဖူးသည့်မင်းသားလေးနှင့်တွဲရိုက်ပြီးဆုသိမ်းပိုက်သွားခဲ့သည်။

ပရိသတ်များကသူမ၏ဘေးတွင်ယောင်္ကျားကြီးငုတ်တုတ်ရှိလျက်နှင့်သရုပ်ဆောင်ရဲသောစိတ်ကိုအဖြေ
ထုတ်ကြသည်။အဖြေကရှင်းပါသည်………….။ခင်ပွန်းကခင်ပွန်း….ဇနီးက ဇနီးပါ။မိမိ၏အသက်မွေး

ဝမ်းကျောင်းအလုပ်ကိုလုပ်နေ၍အလုပ်ကိုသာအာရုံနှစ်ပြီးအကောင်းဆုံးလုပ်ရပါမည်။ပရော်ဖက်ရှင်
နယ်မဆန်သောမြန်မာသရုပ်ဆောင်အချို့လို“အမေကခွင့်မပြုလို့၊ယောင်္ကျားကခွင့်မပြု”လို့ဆိုတာ
မျိုးတွေသူတို့ဆီမှာမရှိချေ။ယခုလိုသရုပ်ဆောင်သည့်အတွက် “J၀င်သည်”ဟုခေါ်သည့်မနာလိုမှု
မျိုးလည်းမရှိကြချေ။ရှိလျှင်လည်းကိုယ့်လမ်းကိုယ်သွားကြရုံသာရှိပါသည်။

ယခုကိတ်ဝင်းစလက်ရသောအောင်မြင်မှုဆိုလျှင်တစ်ယောက်ကိုတစ်ယောက်နားလည်မှုရှိသော
အောင်မြင်မှုမျိုးဖြစ်၍ကောင်းပါသည်။မိမိ၏အောင်မြင်မှုကိုမိမိသာတည်ဆောက်ယူရမည်သာဖြစ်
ပါသည်။အခွင့်အခါကောင်းတစ်ခုအတွက်မိမိ၏အကောင်းဆုံးအရည်အချင်းတစ်ခုကိုပရော်ဖက်ရှင်
နယ်ပြီသစွာပြသနိုင်ရပွမည်။

အဘယ့်ကြောင့်မူရွှေကမ္ဘာလုံးဆုအတွက်ကာယကံရှင်၏နာမည်တစ်ခုတည်းကိုသာကြေ
ငြာ၍ပေးပါသည်။ခင်ပွန်း၊အဖေ၊အမေနှင့်ဆွေမျိုးသားချင်းနာမည်များကိုကြေငြာပေး
လေ့မရှိပါ။