
ရေးသူ..ညွန့်သက်ထားဦး
ရန်ကုန်နှင့်နေပြည်တော်မှလာသောသတင်းများအရအကယ်ဒမီဆုပေးပွဲကို
ယခုနှစ်ဖေဖ်ါဝါရီလတွင်နေပြည်တော်၌မကျင်းပဖြစ်တော့ဘဲ၂၀၀၉ နှစ်ကုန်တွင်မှ၂နှစ်စာ
ပေါင်းပေးတော့မည်ဟုပြည်တွင်းစာနယ်ဇင်းများနှင့်သရုပ်ဆောင်များကြားသတင်းထွက်
ပေါ်နေကြောင်းသိရသည်။
အဘယ်ကြောင့်ရက်ရွှေ့သည်ကို အတည်ပြု၍မရသေးသော်လည်းယခုလဆန်းမှစ၍အစိုးရရုံး
စိုက်ရာ နေပြည်တော်၏လုံခြုံရေးကို ပိုမိုတင်းကျပ်ထားသောကြောင့်ဟုဆိုသည်။ယခုနှစ်တွင်
ဆုပေးပွဲအတွက် ရွေးခြယ်စရာဇာတ်ကား ၁၀ကားသာရှိသည်။နေပြည်တော်ကရက်ရွှေသည်
ကိုတရားဝင်သတင်းမထုတ်ပြန်သော်လည်းမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှတာဝန်ရှိသူတစ်
ဦးကမူ“ဘယ်နေ့ကျင်းပမလဲဆိုတာသာသူတို့ကထုတ်တာမကျင်းပဖြစ်တော့ဘူးဆိုရင်မထုတ်
တော့ဘူးဟုFreedom News Groupသို့ပြောသည်။
