ရှေးမြန်မာမင်း၁၂၂ပါးတို့  ၏ ကံကြမ္မာကျမ်း

မင်းသ�င်္ခ၏ ရှေးမြန်မာမင်း၁၂၂ပါးတ�ု့၏ကံကြမ္မာကျမ်း စာအုပ်မျက်နှာဖုံး
မင်းသိင်္ခ၏ ရှေးမြန်မာမင်း၁၂၂ပါးတို့၏ ကံကြမ္မာကျမ်း စာအုပ်မျက်နှာဖုံး
စာအုပ်အတွင်းဖေါ်ပြထားချက်
စာအုပ်အတွင်းဖေါ်ပြထားချက်


မရမ်းတလင်းစာအုပ်တိုက်မှထုတ်ဝေပြီးမျက်ပွင့်စာပေမှဖြန့်ချိသည့်စာရေးဆရာမင်းသိင်္ခ
(ကွယ်လွန်) ၏ “ရှေးမြန်မာမင်း၁၂၂ပါးတို့၏ကံကြမ္မာကျမ်း”အမည်ရှိစာအုပ်မှာဒီဇင်ဘာလ၁၅ရက်နေ့ကထွက်ရှိ
လာသည်။စာအုပ်ရောင်းဈေးမှာ၅၀၀၀ကျပ်ဖြစ်သော်လည်းစာအုပ်ဈေးကွက်အေးဆက်နေသည့်အ
ချိန်တွင်ရောင်းအကောင်းဆုံးစာအုပ်ဖြစ်သည်ဟုစာပေလောကစာအုပ်ဆိုင်မှဝန်ထမ်းတစ်ဦးကဆို
သည်။
ထိုစာအုပ်တွင်ပုဂံခောတ်မတိုင်မှီပျုခေတ်ဒွတ္တပေါင်မင်းလက်ထက်မှစ၍ပုဂံ၊အင်းဝ။ကုန်းဘောင်
မင်းမှစ၍ နောက်ဆုံးသီပေါမင်းထိ မြန်မာမင်းဆက် အားလုံး၏မင်းအဖြစ်ကိုရသောနှစ်၊နန်းစံ
သက်၊နန်းကျခုနှစ်၊သက်တော်တို့ကိုဖော်ပြထားကာ နန်းကျနိမိတ်နှင့်နန်းရနမိတ်တို့ကိုသုံးတန်
ပေါ်နိ(စ်)၊မဟာဘုတ်တို့ဖြင့်တွက်ပြထားသည်။မြန်မာမင်းများနန်းကျသည့်အချိန်တွင်ပေါ်ပေါက်
ခဲ့သည့်နိမိတ်များကိုဖော်ပြထားသည်။ဥပမာအားဖြင့်အလောင်းမင်းတရားကြီးနတ်ရွာစံကံတော်
ကုန်ခါနီးတွင်မိုးကြိုး ၁၃ချက်ပြစ်ခြင်း၊ညောင်ပွင့်ခြင်းစသည့်နိမိတ်။သီပေါမင်းပါတော်မူခါနီးတွင်
လွှတ်တော်ထဲခွေးဝင်ခြင်း နိမိတ်များကိုဖော်ပြထားသည်။
အမှာစာတွင်ဆရာမင်းသိင်္ခကအလောင်းမင်းတရားကြီးကံတော်ကုန်ခါနီးတွင်သူသာထိုခောတ်က
သက်ရှိထင်ရှားရှိခဲ့ပါကအလောင်းမင်းတရားကြီး၏ဇာတာတော်ကိုမဟာဘုတ်ဖြင့်တွက်ချက်ပြီး
ဇာတာတော်သန့်၍နိမိတ်ဆိုးများပျက်ပျယ်အောင်လုပ်ပေးလိုသည့်ဆန္ဒရှိခဲ့သည်ဟုရေးသားထား
သည်။ မြန်မာမင်းတို့၏မွေးနေ့ခုနှစ်သက္ကရာဇ်ကိုလည်းဖော်ပြထားသည့်အပြင်နန်းကျနိမိတ်များကိုပြည့်
စုံစွာဖော်ပြထားသည်မှာ ထိုစာအုပ်၏စိတ်ဝင်စားစရာအကောင်းဆုံး ဖြစ်သည်။စာမျက်နှာ၁၄၁
မျက်နှာပါဝင်ပြီးနန်းတက်သောသုံးတန်ပေါ်နိ(စ်)တိုင်၊နန်းကျသောသုံးတန်ပေါ်နိ(စ်)တိုင်တို့ကို
လည်း  ဖော်ပြထားသည်။

ရှေးမြန်မာမင်း၁၂၂ပါးတို့၏ ကံကြမ္မာကျမ်း စာအုပ်ဖြင့်စာရေးသူဆရာမင်းသိင်္ခမှာအိန္ဒိယနိုင်ငံ ကာလကတ္တား တက္ကသိုလ်က ပေးအပ်သည့် ရိုးရာဗေဒင်ပညာ ပါရဂူဘွဲ့နှင့် မြန်မာမင်း (၁၂၂) ပါး၏ကံကြမ္မာ ကျမ်းစာအုပ်ဖြင့် နက္ခတ်ဗေဒပါရဂူဘွဲ့ (၂) ခုရရှိထားသူလည်းဖြစ်သည်။

မင်းသိင်္ခသည် မနုစာရီ ၀တ္ထုဖြင့် စာပေလောကသို့ ၀င်ရောက်ခဲ့ပြီး မကွယ်လွန်ချိန်အထိ ဗေဒင်ကျမ်း စာအုပ်များအပါအ၀င် လုံးချင်းစာအုပ်ပေါင်း (၁၀၀) ကျော် ရေးသားထုတ်ဝေခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ‘မနုစာရီ’ လုံးချင်းဝတ္ထုကြီးကို စတင်ထုတ်ဝေခဲ့သည်။ ကောင်းမွန်စွာ အောင်မြင်မှု မရရှိခဲ့ပေ။ သို့သော် ဒုတိယအကြိမ် ရိုက်နှိပ်သောအချိန်၌ အောင်မြင်မှု အကြီးအကျယ်ရရှိခဲ့သည်။ ‘ဆားပုလင်းနှင်းမောင်’ လုံးချင်းဝတ္ထုများ တစ်အုပ်ပြီးတစ်အုပ် ထွက်လာခဲ့သည်။