
ရေးသူ..တင်ကျော်ကျော်စိုး
၂၀၀၈ခုနှစ်ဒီဇင်ဘာလ၁ရက်နေ့ကမီးလောင်ကျွမ်းခဲ့သည့်မော်လမြိုင်အမှတ်(၁)ဈေးကြီးရှိဈေး
သူဈေးသားများ၏မီးအားမခ့ထာရှိမှုအတွက်လျှော်ကြေးငွေအားမြန်မာ့အာမခံလုပ်ငန်းမှယခု
အချိန်ထိထုတ်ပေးခြင်းမရှိသေးဟုသိရသည်။
မီးအာမခံထားသူများကသက်ဆိုင်ရာဘဏ်များမှတစ်ဆင့်မြန်မာ့အာမခံလုပ်ငန်းကိုစုံစမ်းမေးမြန်း
ကြသော်လည်းပျက်စီးဆုံးရှုံးမှုပမာဏကိုစုံစမ်းနေဆဲဖြစ်သောကြောင့်လတ်တလောတွင်
ငွေထုတ်ပေးမည်မဟုတ်သေးဟုအကြောင်းပြန်ခဲ့သည်။အဆိုပါကိစ္စနှင့်ပတ်သက်၍FNGက
အမှတ်(၁)ဈေးမှအ၀တ်အထည်ရောင်းချသူဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သည့်ဦးထွန်းမြင့်က“မီးဘေး
လျှော်ကြေးငွေဌာနကအရရှိတစ်ယောက်ပဲသူကဘယ်လိုပြောသလဲဆိုတော့ကျုပ်တို့လည်းသက်
ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ညှိပြီးလုပ်နေရတယ်။ခင်ဗျားတို့ကိုအာမခံကြေးပြန်လျှော်ပေးချင်လို့
ကျုပ်အိတ်ထဲကဆိုက်လျှော်ပေးချင်ရင်တောင်မရသေးဘူး။အထက်ကိုအာမခံကြေးငွေဘယ်
လောက်လျှော်ရမယ်ဆိုတာတင်ရသေးတယ်။သူတို့ကပြန်ကျမှခင်ဗျားတို့ကိုပေးလို့ရတာဟု”ပြော
ဆိုကြောင်းဦးထွန်းမြင့်ကFNGသို့ပြောကြသည်။
မြန်မာ့အာမခံလုပ်ငန်းမှာနာဂစ်မုန်တိုင်းကြောင့်ပျက်စီးခဲ့သည့်ဆန်စက်နှင့်သင်္ဘောများကိုပင်
အာမခ့ကြေးပြန်အမ်းငွေအပြည့်အ၀မပေးသေးဟုသိရသည်။
