
ရန်ကုန်မြို့တော်ဝန်၏ဗိုလ်မှုးချုပ်အောင်သိန်းလင်း၏စီမံချက်အသစ်ကြောင့်ရန်ကုန်မြို့လည်ခြောက်
မြို့နယ်တွင်စည်ပင်ရဲများကနေ့ခင်းကြောင်တောင်ကားများဖြင့်လိုက်ဖမ်းနေသဖြင့်လမ်းဘေးဈေး
ရောင်းသူများရန်ကုန်မြို့လည်ဗိုလ်ချုပ်လမ်းနှင့်မဟာဗန္ဒုလလမ်းပေါ်တို့တွင်စည်ပင်ရဲနှင့်ဈေးသည်
များကြားဝရုန်းသုန်းကားဖြစ်နေသည်ဟုသိရသည်။
ယခင်မဆလခောတ်ကကဲ့သို့ဂဋုန်စီမံချက်မျိုးကိုမြို့တွင်းခြောက်မြို့နယ်ဖြစ်သည့်ပုဇွန်တောင်၊ဗိုလ်တ
ထောင်၊ကျောက်တံတား၊ပန်းဘဲတန်း၊လသာ၊လမ်းမတော်မြို့နယ်များတွင်ဇန်န၀ါရီ၂၀ရက်နေ့က
တည်းကစည်ပင်ရဲကားများဖြင့်ပိတ်ဆို့ကာဖမ်းဆီးနေမှုကြောင့်လမ်းဘေးဈေးသည်များမှာနီးရာ
ဆိုင်ခန်းများ၊လှေကားထစ်နှင့်ကားလမ်းများကိုကူး၍ထွက်ပြေးကျခြင်းကြောင့်ဒေသခံများအပြင်
ခရီးသွားများပါအခက်တွေ့ရကြောင်းသိရှိရသည်။
အမှတ်၅၀ယာဉ်လိုင်းမောင်းသူတစ်ဦးက”ကျွန်တော်ကားကဘားလမ်းမှတ်တိုင်ကိုအ၀င်ပလက်
ဖေါင်းပေါ်ကဈေးသည်တွေလမ်းပေါ်ကိုပြေးတက်လာကျတော့တိုက်မိမလိုဖြစ်ပြီးအချိန်မှီဘရိတ်
အုပ်လိုက်ရတယ်ကထမဘာမှန်မသိဘူးနောက်မှရဲကလိုက်ဖမ်းလို့ထွက်ပြေးရတဲ့ဈေးသည်တွေ
ဖြစ်နေတယ်”လို့FNGသို့ပြောသည်။
စီမံချက်ကတော့တစ်လကြာမယ်တဲ့ကျွန်မတို့လည်းစည်ပင်ရဲကိုလိုင်းကြေးပေးထာတာပဲအခုက
မိရင်ထောင်ပါချမယ်ဆိုတော့လာရင်ကိုယ်လွတ်ရုံးပြေးရတာပေါ့ဟုဗိုလ်ချုပ်ဈေးအနီးတွင်ဈေး
ရောင်းနေသောလမ်းဘေးဈေးသည်တစ်ဦးကပြောသည်။
