
ရေးသူ..တင်ကျော်ကျော်စိုး
မကြာသေးခင်ကပခုက္ကူခရိုင်တွင်ရှိသည့်မြိုင်ရေနံမှော်တွင်ဖြစ်ပွားခဲ့သည့်အလုပ်သမားအုံကြွမှုကို
ပစ်ခတ်နှိမ်နှင်းခဲ့သောဂယက်ကြောင့်မြေလတ်ဒေသကျောင်းသားများကြားတွင်မကျေနပ်မှုများ
ဖြစ်ပွားနေသည်လို့သတင်းတွေထွက်ပေါ်နေသည့်အတွက်အာဏာပိုင်တေ့ကမြေလတ်ဒေသ
တက္ကသိုလ်တွေအနီးမှာစစ်ကားရဲကားများအပါအ၀င်လုံခြုံရေးများတိုးမြှင့်ချထားသည်ဟုသိရှိရ
သည်။
မကွေးတက္ကသိုလ်ကြီးအပါအ၀င်မကွေးဆေးတ္ကသိုလ်နှင့်မိတ္ထီလာတက္ကသိုလ်မိတ္ထီလာစီပွားရေး
တက္ကသိုလ်တို့တွင်လုံခြုံရေးများတိုးမြှင့်ချထားသည်ဟုမကွေးဆေးတ္ကသိုလ်တွင်ဒုတိယနှစ်တက်
နေသည့်ရေနံချောင်းမြို့မှကိုအေးထွန်းအောင်ကFreedom Newsသို့ပြောသည်။
မကွေးတ္ကသိုလ်ကျောင်းသားများ၏ယခုလ၁၇ရက်နေ့ကကျင်းပသည့်ဆောင်းရာသီမြို့ဖြတ်ပြေး
ပွဲအားကစားလှုပ်ရှားမှုကိုလည်းမကွေးတိုင်းခယကမှတင်းကျပ်သည့်စောင့်ကြည့်မှုများပြုလုပ်
ကြောင်းစာရင်းအင်းပညာဌာနမှဆရာမတစ်ဦးကFNGနှင့်ဆက်သွယ်မေးမြန်းရာတွင်ပြောခဲ့သည်၊
မကွေးတ္ကသိုလ်ကျောင်းသားများ၏နိုင်ငံရေးလှုပ်ရှားမှုများကိုလေ့လာစောင့်ကြည့်ရန်တိုင်းအာဏာ
ပိုင်များမှတွဲဖက်ပါမ္ခောဒေါ်ဥမ္မာပိုင်နှင့်အဖွဲ့ကိုတာဝန်ချထာကြောင်းသိရှိရသည်။
ကျောင်းသူ၊ကျောင်းသား၅၀၀ကျော်ခန့်ပညာသင်ကြားနေသည့်ရေနံချောင်းမြို့သို့အထွက်တွင်ရ
ှိသောမကွေးဆေးတ္ကသိုလ်အနီးတွင်မူလုံခြုံရေများပိုမိုတိုးမြှင့်ထားသည်ဟုသိရှိရသည်။
