
ယနေ့စနေနေ့(၂၄.၁.၂၀၀၉)နေ့လည်(၁)နာရီဗိုလ်ချုပ်ဈေးဒေါ်လာဈေးကွက်ဖွင့်ချိန်တွင်ဒေါ်လာ
ပေါက်ဈေးမှာမြန်မာကျပ်ငွေနှင့်လဲလှယ်ရာတွင်၉၆၀ထိဈေးကျသွားသည်ဟုသိရသည်။
၉၆၀ကျပ်မှာအ၀ယ်ဈေးဖြစ်ပြီးအရောင်းဈေးဆိုလျှင်၉၈၀ကျပ်ဖြင့်ဈေးပေါက်သည်ဟုဆိုသည်။
ဈေးကွက်ကျွမ်းကျင်သူများ၏အဆိုအရစစ်တပ်အသိုင်းအ၀ိုင်းမှဘတ်ဂျက်ပိတ်ခါနီးစာရင်းပြငွေလို
နေ၍၎င်းတို့လက်ဝယ်တွင်ရှိသောဒေါ်လာငွေများကိုထုတ်ရောင်းသဖြင့်ထိုသို့ကျဆင်းရခြင်းဖြစ်
ကြောင်းနှင့်တရုတ်နှစ်သစ်ကူးကြောင့်တရုတ်တန်းတွင်ဒေါ်လာအထုတ်များသောကြောင့်ဟု
သိရသည်။ဈေးကွက်တွင်ထိုသို့မြန်မာငွေအကြောင်းမဲ့မာနေရခြင်းမှာဘောဂဗေဒသီအိုရီများအ
ရ အိုဗာဒီဖလေးရှင်း(over deflation)ဖြစ်ပြီးငွေကြေးလည်ပတ်မှုအတွက်အန္တရာယ်ရှိကြောင်း
အချက်ပေးခေါင်းလောင်းသံဖြစ်သည်ဟုသုံးသပ်ပြောဆိုခဲ့သည်။
