ရေးသူ..ညွန့်သက်ထားဦး
ရန်ကုန်မြို့နှင့်မန္တလေးမြို့များမှနာမည်ကြီးဗေဒင်ဆရာများကို၂၇ရက်နေ့ကပြန်ကြားရေးဝန်ကြီး
ဌာနနှင့်စရဖစစ်ထောက်လှမ်းရေးမှတာဝန်ရှိပုဂ္ဂိုလ်များလိုက်ပါလျှက်ချိတ်ပိတ်စာအိတ်တစ်လုံး
ပေးကာထိုအိတ်ထဲတွင်ပါရှိသောအကြောင်းအရာများနှင့်ပတ်သက်၍အသေးစိတ်ဇာတာဖွဲ့ပေး
ရန်ပါဝင်ပြီးထိုဇာတာကိုဖေဖေါ်ဝါရီလ၉ရက်နေ့တွင်ပြန်လာယူမည်ဖြစ်သောကြောင့်ထိုနေ့မတိုင်
ခင်အပြီးသတ်ရေးပေးထားရန်လိုက်ပါလာသောပုဂ္ဂိုလ်များထဲမှရာထူးအကြီးဆုံးဟုထင်ရသော
သူကညွှန်ကြားသွးကြောင်းသိရသည်။
ရန်ကုန်မြို့တရုတ်တန်းတွင်နေထိုင်သောနာမည်ကြီးဗေဒင်ဆရာတစ်ဦးကမူ“ပထမတော့ဆရာ
လည်းလန့်သွားတယ်၊ဘာများလဲပေါ့၊လူကခြောက်ယောက်လောက်ရှိတယ်။နောက်သူတို့ကလာ
ရင်းကိစ္စကိုပြောတယ်၊နောက်စာကိုဖတ်ကြည့်ခိုင်းတယ်၊ပြီးတော့သူတော့ဘယ်နေံပြန်လာမယ်
ဆိုတာရယ်နဲ့ဥာဏ်ပူဇော်ခကိုမေးတယ်၊ဒါပဲ”ဟုထိုဗေဒင်ဆရာကFNGသို့ပြောပြသည်။
ရန်ကုန်နှင့်မန္တလေးရှိနာမည်ကျော်နက္ခတ်ပညာရှင်များထွသို့လည်းထိုကဲ့သို့လာရောက်၍
ဇာတာဖွဲ့ခိုင်းမှုများရှိသော်လည်းဗေဒင်ဆရာအများစုကမူထုတ်ဖေါ်ပြောကြားရန်ငြင်းဆန်
ကြသည်။
ထိုကိစ္စမှာအစိုးရတာဝန်ရှိသူများကပင်လုပ်ခိုင်းသည်လားသို့တည်းမဟုတ်အာဏာပိုင်အဖွဲ့
အစည်းတစ်ခုခုကပင်လျို့ဝှက်ဆောင်ရွက်နေသည်လားကိုမူသဲသဲကွဲကွဲမသိရပေ။ယခုတ
လောတွင်နိုင်ငံရေးပါတီများထောင်ရန်ခြေလှမ်းပြင်နေကြသည့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ
မှာလည်းဗေဒင်ဆရာများကိုအလွန်ပင်အားထားသည်ဟုသိရသည်။
တရုတ်တန်းတွင်နေသောနာမည်ကျော်ဗေဒင်ဆရာကမူ“ဒါပဒေသရာဇ်ခောတ်တုန်းကဆိုရင်
စနည်းနာတယ်လို့ခေါ်တယ်။အခုသူတို့လာပေးတဲ့အချိန်ရယ်လာယူမည်အချိန်ရယ်ကိုတွက်
ကြည့်ရင်ဒီမောင်တို့လည်းခေသူမဟုတ်လို့ပြောရမယ်”ဟုပြောသည်။
နာမည်ကျော်ဗေဒင်ဆရာတစ်ဦးဖြစ်သည့်ဆရာဇင်ယော်နီကမူသူ့ဆီထိုသို့သောလျို့ဝှက်သည်း
ဖိုဆန်သည့်အဖြစ်အပျက်မျိုးရောက်မလာဟုဆိုသည်။
