
ရေးသူ..တင်ကျော်ကျော်စိုး
မနက်ဖြန်ဇန်န၀ါရီလ၃၁ရက်နေ့တွင်ကုလသမဂ္ဂအထူးသံမစ္စတာအီဗရာဟင်ဂမ်ဘာရီလာမည်ဆို
သောကြောင့်ရန်ကုန်မြို့တွင်လုံခြုံရေးများထူထပ်စွာချထားပြီးတရုတ်ပြည်မှမှာယူတင်သွင်းထား
သောရဲကားများကိုလည်းလုံထိန်းတပ်ဖွဲ့များနှင့်အတူမြို့တော်ခန်းမရှေ့၊အုက်လမ်းနှင့်ရွှေတိဂုံဘုရား
တ၀ိုက်တွင်ချထားသည်ဟုသိရသည်။
၂၀၀၆ခုနှစ်ထဲကလာရောက်ခဲ့သောဂမ်ဘာရီ၏ယခုခရီးစဉ်သည်ခုနှစ်ကြိမ်မြောက်ခရီးစဉ်ဖြစ်ပြီးယ
ခင်ပြီးခဲ့သောခရီးစဉ်အတွင်းကမူစစ်အစိုးရခေါင်းဆောင်ဗိုလ်ချုပ်မှုးကြီးသန်းရွှေနှင့်ကောအတိုက်အ
ခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်ပါတွေ့ခွင့်မရခဲ့ကြောင်းသိရသည်။
ဂမ်ဘာရီ၏ခရီးစဉ်နှင်တိုက်ဆိုင်စွာဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး
လွှတ်ပေးရေး တောင်းဆိုချက်ကို အန်အယ်လ်ကထုတ်ပြန်ထားပြီး
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးကိစ္စတွင်လူထုအားနှင့်
ထောက်ခံကြရန် အန်အယ်လ်ဒီက တိုက်တွန်းထားသဖြင့်လူထုအုံကြွမှုများပေါ်ပေါက်မည်စိုး
သောကြောင့်ယခုကဲ့သို့လုံခြုံရေးအင်အားများတိုးမြှင့်ရခြင်းဖြစ်သည်ထင်သည်ဟုမြောက်ဥက္က
လာပမြို့နယ်အန်အယ်လ်ဒီပါတီဝင်တစ်ဦးဖြစ်သူကိုသန်းဌေးကFreedom News Group
သို့ပြောသည်။
“နိုင်ငံရေးလှုပ်ရှားမှုအရှိန်အဟုန်မှာဂမ်ဘာရီလာမှမဟုတ်လိုအပ်လျှင်တိုက်ပွဲဝင်ရန်အသင့်ရှိသည်”
ဟုပြည်တွင်းမျိုးဆက်သစ်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့်ကိုကျော်ဝင်းခိုင်ကပြောသည်

thz u