စာမေးပွဲအချိန်စာရင်းထုတ်ပြန်သော်လည်းမီးပုံမှန်မလာသေး

ရေးသူ..ညွန့်သက်ထားဦး

၁၀တန်းစာမေးပွဲဟုနှုတ်ကျိုးနေကြသည့်တက္ကသိုလ်ဝင်တန်းစာမေးပွဲအချိန်စာရင်းကိုထုတ်ပြန်
လိုက်သော်လည်းစာမေးပွဲဖြေဆိုကြရမည့်၁၀တန်းကျောင်းသူကျောင်းသားများအပြင်အခြေခံ
အဆင့်ကျောင်းသူကျောင်းသားများမှာလည်းမီးပုံမှန်မလာသဖြင့်ညဘက်များကျောင်းစာလေ့
လာမှုမပြုနိုင်ဟုစုံစမ်းသိရှိရသည်။
၁၀တန်းစာမေးပွဲကိုမတ်လ၁၁ရက်နေ့တွင်စတင်စစ်မေးမည်ဖြစ်ပြီး၁၅ရက်နေ့တစ်ရက်တည်း
နားကာ၂၀ရက်နေ့ထိစစ်ဆေးမေးမြန်းသွားမည်ဟုသိရသည်။၁၀တန်းစာမေးပွဲအတွက်အနီး
ကပ်ကျူရှင်အထူးသင်တန်းများမှာတစ်ဘာသာလျှင်ကျပ်၅၀,၀၀၀ကျော်ထိသင်တန်းကြေးပေး
ရမည်ဟုသိရသည်။