A Mighty Heart (ရုပ်ရှင်အညွန်း)

ငြိမ်းချမ်းငြိမ်း
စစ်ပွဲများအတွင်း သော်လည်းကောင်း၊ ဆူပူအုံ
ကြွမှုများ ဖြစ်ပွားနေသည့် နေရာများအတွင်း သော်
သည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်ဆိုးများကြောင့် ခက်ခဲ ကြမ်းတမ်းလှသည့် နေရာများအတွင်းသော်လည်းကောင်း အများပြည်သူများ သိရှိနိုင်ရန်အတွက် အဓိက
အခင်းဖြစ်ပွားရာ နေရာများထံသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်စုံစမ်းရင်း သတင်းတစ်ပုဒ်အတွက်
ပေးဆပ်သွားရသည့် ဂျာနယ်လစ် ဦးရေမှာ နယ်စည်း
မခြား သတင်းထောက်များအဖွဲ့ (RSF) ၏ သုတေသန
ပြုချက်အရ ၂ဝဝ၇ ခုနှစ်အတွင် ၈၆ ယောက်   ရှိသွား
ခဲ့ပြီ ဖြစ်ပါသည်။ပြုချက်အရ ၂ဝဝ၇ ခုနှစ်အတွင် ၈၆
ယောက်   ရှိသွားခဲ့ပြီ ဖြစ်ပါသည်။

သတင်းမှတ်တမ်း ရယူရင်း ဂျာနယ်လစ်များ အကြောင်းကြောင်းကြောင့် သေဆုံးခဲ့ရမှုနှင့် ပက်သက်၍ လောလောလတ်လတ် ကိစ္စတစ်ခုကို ညွှန်းဆိုရလျှင် စက်တင်ဘာလက မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင် တော်လှန်ရေးနှင့် ပက်သက်၍ ရန်ကုန်မြို့တွင် သွားရောက် သတင်းယူသော ဂျပန်သတင်းထောက် ကန်ဂျီ နာဂါအိဆိုသူမှာ ရန်ကုန်မြို့လယ်ရှိ ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ရဟန်းရှင်လူ ပြည်သူလူထုများကို ဓာတ်ပုံမှတ်တမ်းတင်ရင်း စစ်တပ်မှ ပစ်ခတ်ဖြိုခွဲမှုကြောင့် သေနတ်ဒဏ်ရာ ထိမှန်ကာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။ အသက် ၅ဝ အရွယ် ရှိပြီဖြစ်သည့် ကန်ဂျီ နာဂါအိသည် သူ၏ သတင်းထောက်ဘဝ၌ အီရတ်စစ်မြေပြင်၊ ပါလက်စတိုင်း စသည့် ဘေးအန္တရာယ်များသည့် ဒေသများသို့ သွားရောက် သတင်းယူခဲ့သော်လည်း မည်သည့် အန္တရာယ်နှင့်မျှ ကြုံတွေ့ရခြင်းမရှိဘဲ ဗုဒ္ဓသာသနာ ရောင်ဝါနေသို့ ထွန်းပါသည်ဟု ကြွေးကြော်ထားသော စစ်အစိုးရ အုပ်ချုပ်သည့် မြန်မာနိုင်ငံသို့ ရောက်မှ ရဟန်းသံဃာများအား ရက်ရက်စက်စက် ပစ်ခတ် ဖြိုခွဲခဲ့သလို နိုင်ငံခြား သတင်းထောက်ပါမကျန် ပစ်ခတ် နှိမ်နှင်းခဲ့သည့်အတွက် ကန်ဂျီ နာဂါအိမှာ သူရဲကောင်း သတင်းထောက် ပီသစွာ ကျဆုံးခဲ့ရသည်။

အခင်း ဖြစ်ပွားရာ နေရာများအထိ သွားရောက် သတင်းယူရင်း အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရသည့် ဂျာနယ်လစ်များတွင် အချို့မှာလည်း ပြန်ပေးဆွဲခံရပြီး လူမဆန်စွာ သတ်ဖြတ်ခံရသည့် ဂျာနယ်လစ်များလည်း ရှိသည်။ ထိုသို့ လူမဆန်စွာ ရက်ရက်စက်စက် အသက်ဖြတ်ခံရပြီး သေဆုံးခဲ့ရသည့် ဂျာနယ်လစ်များထဲတွင် အမေရိကန် အခြေစိုက် ဝေါ(လ်)စထရိ သတင်းစာ သတင်းထောက် ဒယ်(လ်)နီယယ်(လ်)ပါး(လ်) မှာ အထင်ရှားဆုံး ဖြစ်သည်။

၂ဝဝ၁ ခုနှစ် နိုဝင်ဘာလမှ စတင်၍ အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့မှ အာဖဂန်နစ္စတန်ရှိ တာလီဘန် အစိုးရနှင့် အယ်(လ်)ကေဒါ အကြမ်းဖက် ကွန်ယက်အုပ်စုတို့အား တိုက်ခိုက် ချေမှုန်းနေသည့် အကြမ်းဖက် ဆန့်ကျင်ရေး စစ်ပွဲနှင့် ပက်သက်၍ ပါကစ္စတန်တွင် သွားရောက် သတင်းယူသည့် အသက် ၃၉ နှစ်အရွယ် ဒယ်(လ်)နီယယ်(လ်)ပါး(လ်)ကို အယ်(လ်)ကေဒါနှင့် ပါကစ္စတန် အခြေစိုက် အကြမ်းဖက် အုပ်စုမှ ပြန်ပေးဆွဲကာ CIA သူလျှိုဟု စွပ်စွဲ၍ ဖမ်းဆီးခံထားရသည့် အကြမ်းဖက်သမားများနှင့် လဲလှယ်ရန် ကမ်းလှမ်းခဲ့သော်လည်း အမေရိကန်မှ လက်မခံခဲ့သည့်အတွက် ၂ဝဝ၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ခေါင်းဖြတ်သတ်ခဲ့ပြီး အသတ်ခံရပုံကို ဂြိုဟ်တုရုပ်သံလှိုင်းမှတစ်ဆင့် ကမ္ဘာသို့ ထုတ်လွှင့် ပြသခဲ့သည်။

ဒယ်နီယယ်(လ်)ပါး(လ်) သေဆုံးခဲ့ပြီးနောက် စာရေးဆရာ Bernard Heni Levy ရေးသားသည့် Who Killed Daniel Pearl? ဆိုသည့်စာအုပ်မှာ ၂ဝဝ၃ ခုနှစ် စက်တင်ဘာလတွင် ထွက်ရှိခဲ့ပြီးနောက် ရောင်းမလောက်အောင် ဖြစ်ခဲ့ရသေးသည်။ HBO ရုပ်သံလိုင်းမှလည်း ၂ဝဝ၆ ခုနှစ်တွင် ဒယ်(လ်)နီယယ်(လ်)ပါး(လ်)နှင့် ပက်သက်၍ မှတ်တမ်းရုပ်သံ ထုတ်လွှင့်ရာ Emmy ဆုပါ ရရှိခဲ့သည်။ ၂ဝဝ၇ခုနှစ်တွင် ကမ္ဘာနှင့်အဝှမ်း ရုံတင် ပြသခဲ့သည့် Mighty Heart ဇာတ်ကားတွင် ဒယ်(လ်)နီယယ်(လ်)ပါး(လ်)၏ ကြေကွဲဖွယ်ရာ ဘဝဇာတ်ကြောင်းကို ဒါရိုက်တာ မိုက်ကယ် ဝင်တာဘာတန်က ရိုက်ကူး တင်ဆက်ပြထားသည်။

Girls Interrupted ဇာတ်ကားဖြင့် အော်စကာဆု ရရှိခဲ့သည့် မင်းသမီး အိန်ဂျလီနာဂျိုလီ က ဒယ်(လ်)နီယယ်(လ်)ပါး(လ်)၏ ဇနီးသည် မာရီယန်ပါး(လ်)အဖြစ် သရုပ်ဆောင်ထားသည်၊၊ A Mighty Heart ဇာတ်ကားတွင် သူမ၏ သရုပ်ဆောင်ကောင်းမှုကြောင့် ၆၅ ကြိမ်မြောက် ရွှေကမ္ဘာလုံး ဆုပေးပွဲတွင် ဆုချီးမြှင့်ရန် လျာထားခံခဲ့ရသည်။ ဒယ်(လ်)နီယယ်(လ်)ပါး အဖြစ် မင်းသား ဒန်ဖက်တာဖန်းက သရုပ်ဆောင်ထားသည်။ ဝေါစထရိဂျာနယ် သတင်းထောက် ဒယ်(လ်)နီယယ်(လ်)ပါး(လ်) ကို ခေါင်းဖြတ်သတ်ခဲ့သူမှာ အယ်(လ်)ကေဒါ အဖွဲ့မှ အစွန်းရောက် အကြမ်းဖက်သမား တစ်ဦးဖြစ်သူ ခါလစ်ရှိတ်(ခ်) မိုဟာမက် ကိုယ်တိုင် ဖြစ်သည်။ ရှူးဖိနပ် ဗုံးဖောက်ခွဲရေးသမား ရစ်ချက်ရိဒ် အကြောင်းနှင့် ပက်သက်၍ ပါကစ္စတန် နိုင်ငံ ကနာချိမြို့တွင် သွားရောက် သတင်းယူစဉ် အစွန်းရောက် အစ္စလမ်မစ် အကြမ်းဖက် အဖွဲ့က ဖမ်းဆီး၍ ပြန်ပေးဆွဲကာ CIA သူလျှိုဟု စွပ်စွဲပြီး ခေါင်းဖြတ် သတ်ခဲ့ခြင်း ဖြစ်သည်။

အသက် ၃၈ နှစ် အရွယ်တွင် သေဆုံးခဲ့ရသည့် ဒယ်(လ်)နီယယ်(လ်)ပါး(လ်)၏ ဇနီးဖြစ်သူ မာရီယန်ပါး
(လ်) သေဆုံးပြီးနောက် ဇနီးဖြစ်သူ မာနီယယ်(လ်)ပါး(လ်)မှာ ခင်ပွန်းဖြစ်သူ၏ ဘဝဇာတ်ကြောင်းကို A Mighty Heart
အမည်ဖြင့် အမှတ်တရစာအုပ် ရေးသားခဲ့ပြီး ထိုစာအုပ်နှင့်
မာရီယန်ပါး၏ ပြောဆိုချက်များကို ဒါရိုက်တာ မိုက်ကယ် ဝင်တာဘာတန်နှင့် သရုပ်ဆောင် ဘရက်ပစ့်က ၂ဝဝ၆
ခုနှစ်တွင် A  Mighty  Heart အမည်ဖြင့် ရုပ်ရှင် ရိုက်ကူး
ခဲ့ခြင်း ဖြစ်သည်။

၎င်းဇာတ်ကားကို အိန္ဒိယနိုင်ငံ မဟာရရှုတာ ပြည်နယ်၊
ပါကစ္စတန်နိုင်ငံ ကရာချိနှင့် ပြင်သစ်နိုင်ငံ၊ အမေရိကန်နိုင်ငံ
တက္ကဆက် ပြည်နယ်တို့တွင် ရိုက်ကူးခဲ့သည်။ A Mighty Heart ဇာတ်ကားတွင် အန္တရာယ် များလှသော သတင်းသမားတို့၏
ဘဝကို ပီပီပြင်ပြင် ဖော်ကျူးနိုင်သကဲ့သို့ သူတွင်မက သူ့အနီးနား ပတ်ဝန်းကျင်ရှိ ဇနီးမယား သားသမီးများပါ အန္တရာယ်များလှပုံကို အော်စကာဆုရှင် မင်းသမီးအိန်ဂျလီနာ ဂျိုလီက ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ထားသဖြင့် ပရိသတ်များက သေဆုံးသွားသူ သတင်းထောက် ဒယ်(လ်)နီယယ်(လ်)ပါး
ထက် သူမကို ပို၍ သနားသက်ဝင်ကြသည်။

စစ်ပွဲများအတွင်း သော်လည်းကောင်း၊ ဆူပူအုံကြွမှုများ ဖြစ်ပွားနေသည့် နေရာများအတွင်း သော်သည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်ဆိုးများကြောင့် ခက်ခဲ ကြမ်းတမ်းလှသည့် နေရာများအတွင်းသော်လည်းကောင်း အများပြည်သူများ သိရှိနိုင်ရန်အတွက် အဓိက အခင်းဖြစ်ပွားရာ နေရာများထံသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်စုံစမ်းရင်း သတင်းတစ်ပုဒ်အတွက် အသက်နှင့်ခန္တာ ပေးဆပ်သွားရသည့် ဂျာနယ်လစ် ဦးရေမှာ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ၏ သုတေသနပြုချက်အရ ၂ဝဝ၇ ခုနှစ်အတွင် ၈၆ ယောက်   ရှိသွားခဲ့ပြီ ဖြစ်ပါသည်။

သတင်းမှတ်တမ်း ရယူရင်း ဂျာနယ်လစ်များ အကြောင်းကြောင်းကြောင့် သေဆုံးခဲ့ရမှုနှင့် ပက်သက်၍ လောလောလတ်လတ် ကိစ္စတစ်ခုကို ညွှန်းဆိုရလျှင် စက်တင်ဘာလက မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင် တော်လှန်ရေးနှင့် ပက်သက်၍ ရန်ကုန်မြို့တွင် သွားရောက် သတင်းယူသော ဂျပန်သတင်းထောက် ကန်ဂျီ နာဂါအိဆိုသူမှာ ရန်ကုန်မြို့လယ်ရှိ ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ရဟန်းရှင်လူ ပြည်သူလူထုများကို ဓာတ်ပုံမှတ်တမ်းတင်ရင်း စစ်တပ်မှ ပစ်ခတ်ဖြိုခွဲမှုကြောင့် သေနတ်ဒဏ်ရာ ထိမှန်ကာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။ အသက် ၅ဝ အရွယ် ရှိပြီဖြစ်သည့် ကန်ဂျီ နာဂါအိသည် သူ၏ သတင်းထောက်ဘဝ၌ အီရတ်စစ်မြေပြင်၊ ပါလက်စတိုင်း စသည့် ဘေးအန္တရာယ်များသည့် ဒေသများသို့ သွားရောက် သတင်းယူခဲ့သော်လည်း မည်သည့် အန္တရာယ်နှင့်မျှ ကြုံတွေ့ရခြင်းမရှိဘဲ ဗုဒ္ဓသာသနာ ရောင်ဝါနေသို့ ထွန်းပါသည်ဟု ကြွေးကြော်ထားသော စစ်အစိုးရ အုပ်ချုပ်သည့် မြန်မာနိုင်ငံသို့ ရောက်မှ ရဟန်းသံဃာများအား ရက်ရက်စက်စက် ပစ်ခတ် ဖြိုခွဲခဲ့သလို နိုင်ငံခြား သတင်းထောက်ပါမကျန် ပစ်ခတ် နှိမ်နှင်းခဲ့သည့်အတွက် ကန်ဂျီ နာဂါအိမှာ သူရဲကောင်း သတင်းထောက် ပီသစွာ ကျဆုံးခဲ့ရသည်။

အခင်း ဖြစ်ပွားရာ နေရာများအထိ သွားရောက် သတင်းယူရင်း အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရသည့် ဂျာနယ်လစ်များတွင် အချို့မှာလည်း ပြန်ပေးဆွဲခံရပြီး လူမဆန်စွာ သတ်ဖြတ်ခံရသည့် ဂျာနယ်လစ်များလည်း ရှိသည်။ ထိုသို့ လူမဆန်စွာ ရက်ရက်စက်စက် အသက်ဖြတ်ခံရပြီး သေဆုံးခဲ့ရသည့် ဂျာနယ်လစ်များထဲတွင် အမေရိကန် အခြေစိုက် ဝေါ(လ်)စထရိ သတင်းစာ သတင်းထောက် ဒယ်(လ်)နီယယ်(လ်)ပါး(လ်) မှာ အထင်ရှားဆုံး ဖြစ်သည်။

၂ဝဝ၁ ခုနှစ် နိုဝင်ဘာလမှ စတင်၍ အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့မှ အာဖဂန်နစ္စတန်ရှိ တာလီဘန် အစိုးရနှင့် အယ်(လ်)ကေဒါ အကြမ်းဖက် ကွန်ယက်အုပ်စုတို့အား တိုက်ခိုက် ချေမှုန်းနေသည့် အကြမ်းဖက် ဆန့်ကျင်ရေး စစ်ပွဲနှင့် ပက်သက်၍ ပါကစ္စတန်တွင် သွားရောက် သတင်းယူသည့် အသက် ၃၉ နှစ်အရွယ် ဒယ်(လ်)နီယယ်(လ်)ပါး(လ်)ကို အယ်(လ်)ကေဒါနှင့် ပါကစ္စတန် အခြေစိုက် အကြမ်းဖက် အုပ်စုမှ ပြန်ပေးဆွဲကာ CIA သူလျှိုဟု စွပ်စွဲ၍ ဖမ်းဆီးခံထားရသည့် အကြမ်းဖက်သမားများနှင့် လဲလှယ်ရန် ကမ်းလှမ်းခဲ့သော်လည်း အမေရိကန်မှ လက်မခံခဲ့သည့်အတွက် ၂ဝဝ၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ခေါင်းဖြတ်သတ်ခဲ့ပြီး အသတ်ခံရပုံကို ဂြိုဟ်တုရုပ်သံလှိုင်းမှတစ်ဆင့် ကမ္ဘာသို့ ထုတ်လွှင့် ပြသခဲ့သည်။

ဒယ်နီယယ်(လ်)ပါး(လ်) သေဆုံးခဲ့ပြီးနောက် စာရေးဆရာ Bernard Heni Levy ရေးသားသည့် Who Killed Daniel Pearl? ဆိုသည့်စာအုပ်မှာ ၂ဝဝ၃ ခုနှစ် စက်တင်ဘာလတွင် ထွက်ရှိခဲ့ပြီးနောက် ရောင်းမလောက်အောင် ဖြစ်ခဲ့ရသေးသည်။ HBO ရုပ်သံလိုင်းမှလည်း ၂ဝဝ၆ ခုနှစ်တွင် ဒယ်(လ်)နီယယ်(လ်)ပါး(လ်)နှင့် ပက်သက်၍ မှတ်တမ်းရုပ်သံ ထုတ်လွှင့်ရာ Emmy ဆုပါ ရရှိခဲ့သည်။ ၂ဝဝ၇ခုနှစ်တွင် ကမ္ဘာနှင့်အဝှမ်း ရုံတင် ပြသခဲ့သည့် Mighty Heart ဇာတ်ကားတွင် ဒယ်(လ်)နီယယ်(လ်)ပါး(လ်)၏ ကြေကွဲဖွယ်ရာ ဘဝဇာတ်ကြောင်းကို ဒါရိုက်တာ မိုက်ကယ် ဝင်တာဘာတန်က ရိုက်ကူး တင်ဆက်ပြထားသည်။

Girls Interrupted ဇာတ်ကားဖြင့် အော်စကာဆု ရရှိခဲ့သည့် မင်းသမီး အိန်ဂျလီနာဂျိုလီ က ဒယ်(လ်)နီယယ်(လ်)ပါး(လ်)၏ ဇနီးသည် မာရီယန်ပါး(လ်)အဖြစ် သရုပ်ဆောင်ထားသည်၊၊ A Mighty Heart ဇာတ်ကားတွင် သူမ၏ သရုပ်ဆောင်ကောင်းမှုကြောင့် ၆၅ ကြိမ်မြောက် ရွှေကမ္ဘာလုံး ဆုပေးပွဲတွင် ဆုချီးမြှင့်ရန် လျာထားခံခဲ့ရသည်။ ဒယ်(လ်)နီယယ်(လ်)ပါး အဖြစ် မင်းသား ဒန်ဖက်တာဖန်းက သရုပ်ဆောင်ထားသည်။ ဝေါစထရိဂျာနယ် သတင်းထောက် ဒယ်(လ်)နီယယ်(လ်)ပါး(လ်) ကို ခေါင်းဖြတ်သတ်ခဲ့သူမှာ အယ်(လ်)ကေဒါ အဖွဲ့မှ အစွန်းရောက် အကြမ်းဖက်သမား တစ်ဦးဖြစ်သူ ခါလစ်ရှိတ်(ခ်) မိုဟာမက် ကိုယ်တိုင် ဖြစ်သည်။ ရှူးဖိနပ် ဗုံးဖောက်ခွဲရေးသမား ရစ်ချက်ရိဒ် အကြောင်းနှင့် ပက်သက်၍ ပါကစ္စတန် နိုင်ငံ ကနာချိမြို့တွင် သွားရောက် သတင်းယူစဉ် အစွန်းရောက် အစ္စလမ်မစ် အကြမ်းဖက် အဖွဲ့က ဖမ်းဆီး၍ ပြန်ပေးဆွဲကာ CIA သူလျှိုဟု စွပ်စွဲပြီး ခေါင်းဖြတ် သတ်ခဲ့ခြင်း ဖြစ်သည်။

အသက် ၃၈ နှစ် အရွယ်တွင် သေဆုံးခဲ့ရသည့် ဒယ်(လ်)နီယယ်(လ်)ပါး(လ်)၏ ဇနီးဖြစ်သူ မာရီယန်ပါး(လ်) သေဆုံးပြီးနောက် ဇနီးဖြစ်သူ မာနီယယ်(လ်)ပါး(လ်)မှာ ခင်ပွန်းဖြစ်သူ၏ ဘဝဇာတ်ကြောင်းကို A Mighty Heart အမည်ဖြင့် အမှတ်တရစာအုပ် ရေးသားခဲ့ပြီး ထိုစာအုပ်နှင့် မာရီယန်ပါး၏ ပြောဆိုချက်များကို ဒါရိုက်တာ မိုက်ကယ် ဝင်တာဘာတန်နှင့် သရုပ်ဆောင် ဘရက်ပစ့်က ၂ဝဝ၆ ခုနှစ်တွင် A  Mighty  Heart အမည်ဖြင့် ရုပ်ရှင် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

၎င်းဇာတ်ကားကို အိန္ဒိယနိုင်ငံ မဟာရရှုတာ ပြည်နယ်၊ ပါကစ္စတန်နိုင်ငံ ကရာချိနှင့် ပြင်သစ်နိုင်ငံ၊ အမေရိကန်နိုင်ငံ တက္ကဆက် ပြည်နယ်တို့တွင် ရိုက်ကူးခဲ့သည်။ A Mighty Heart ဇာတ်ကားတွင် အန္တရာယ် များလှသော သတင်းသမားတို့၏ ဘဝကို ပီပီပြင်ပြင် ဖော်ကျူးနိုင်သကဲ့သို့ သူတွင်မက သူ့အနီးနား ပတ်ဝန်းကျင်ရှိ ဇနီးမယား သားသမီးများပါ အန္တရာယ်များလှပုံကို အော်စကာဆုရှင် မင်းသမီးအိန်ဂျလီနာ ဂျိုလီက ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ထားသဖြင့် ပရိသတ်များက သေဆုံးသွားသူ သတင်းထောက် ဒယ်(လ်)နီယယ်(လ်)ပါးထက် သူမကို ပို၍ သနားသက်ဝင်ကြသည်။