
ရေးသူ..ညွန့်သက်ထားဦး
ဇန်န၀ါရီလ၇ရက်နေ့နေပြည်တော်တွင်ကျင်းပမည့်အကယ်ဒမီဆုပေးပွဲအခမ်းအနားသို့ရုပ်ရှင်သ
ရုပ်ဆောင်များ၊ဒါရိုက်တာများအားလုံးမဖြစ်မနေတက်ရောက်ရမည်ဟုပြန်ကြားရေးဝန်ကြီးမှအ
မိန့်ထုတ်ထားကြောင်းသိရှိရသည်။
ဖိတ်စာရရှိထားသူများမဖြစ်မနေတက်ရမည်ဟုညွှန်ကြားထားပြီးသရုပ်ဆောင်တစ်ဦးကမူ“ကျွန်
တော်တို့နယ်ထွက်ရိုက်ဖို့စီစဉ်ထားတာအခုအကုန်ဖျက်ရတော့မယ်လို့ညည်းညူကာပြောဆိုခဲ့
သည်။
အကယ်ဒမီပေးပွဲမတက်ရောက်သူများအနေညဖြင့်အစိုးရ၏အညိုအညင်ကိုခံရနိုင်သောကြောင့်
အများစုမှာသွားတက်ကျမည်ဟုသိရသည်။
အကယ်ဒမီဆုပေးပွဲကိုနေပြည်တော်သို့ပြောင်ရွှေ့ကျင်းပချိန်မှစ၍အနုပညာရှင်အများစုမှာဆု
ရွေးချယ်ခံရမှုမရှိလျှင်ထိုအခမ်းအနားသို့သွားလေ့မရှိချေ။မနှစ်ကကျင်းပခဲ့သည့်အကယ်ဒမီဆု
ပေးပွဲတွင်နာမည်ကျော်သရုပ်ဆောင်များတက်ရောက်ခြင်းမရှိသဖြင့်ပြန်ကြားရေးဝန်ကြီးကထို
သို့တစ်ချက်လွှတ်အမိန်ထုတ်ပြန်ခြင်းဖြစ်သည်ဟုသိရသည်။
