
ရေးသူ..တင်ကျော်ကျော်စိုး
ဖေဖေါ်ဝါရီလ၁၀ရက်(အင်္ဂါနေ့)တွင်လှည်းတန်းသပြေညိုနေအိမ်ဉ်ဆရာကြီးမင်းသုဝဏ်၏
ရာပြည့်မွေးနေ့ပွဲကိုကျင်းပမည်ဟုသိရှိရသည်။ဆရာကြီးမင်းသုဝဏ်ကိုရန်ကုန်တိုင်း၊ ဟံသာဝတီ
ခရိုင်၊ ကွမ်းခြံကုန်းမြို့တွင် ကုန်သည်များဖြစ် ကြသော ဦးလွမ်းပင်နှင့်ဒေါ်မိတို့က ၁၉၀၉-ခုနှစ်၊
ဖေဖေါ်ဝါရီလ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့တွင် မွေးဖွားသည်။ မွေးချင်း ၇ ယောက်တွင် ဒုတိယမြောက်ဖြစ်
ပြီး မွန်-မြန်မာမျိုးရိုးဖြစ်သည်။ အမည်ရင်းမှာ ဦးဝန်ဖြစ်သည်။
၁၉၄၁ခုနှစ်တွင်သပြေညိုကဗျာကိုရေးသားခဲ့ပြီး၁၉၇၄ တွင်’အင်းလျားကန်သို့အိုကူးတို့” ကဗျာစာအုပ်
ထုတ်ဝေခဲ့သည်။ခောတ်စမ်းစာပေကိုပြန့်ပွားအောင်တီထွင်ခဲ့သည့်မြန်မာစာဆိုပညာရှိကြီးတစ်ဦး
ဖြစ်ပြီးမြန်မာနိုင်ငံ စာမတတ်သူပပျောက်ရေးအတွက် သက်ကြီးစာသင်နည်း (၀၊ ထ၊ က၊ လ၊ သ-
နည်း)ကို တီထွင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။
၂၀၀၄-ခု၊ သြဂုတ် ၁၅ ရက်၊ တနင်္ဂနွေနေ့နံနက် ၁၁း၃၀ နာရီတွင် ရန်ကုန်မြို့၊ ကမာရွတ် သပြေညို
နေအိမ်၌ ကွယ်လွန်ခဲ့သည်။ကွယ်လွန်ချိန်တွင်အသက်၉၅နှစ်ရှိပြီဖြစ်သည်။ဆရာကြီးမှာအမျိုးသား
ဒီမိုကရေစီအဖွဲချုပ်မှရွေးချယ်ခံပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ဆရာကြီး၏နေအိမ်အပြင်ရန်ကုန်၊မန္တလေး
ရှိအခြားစာပေအုပ်စုများကလည်းဆရာကြီး၏နှစ်၁၀၀ပြည့်မွေးနေ့ပွဲကိုကျင်းပကျမည်ဟုသိရသည်။

Attn; Sayar Min Thu Wun’s full century birthday
We were born with the poems of Sayar and left from mother land to Thai-USA on July,15th,04 after tea shop- greeting of Tha Pya Nyo’s building at HtunLinnYaikThar St,Kamayut and so,sall have to remember & respect you.