ဂျောက်ဂျက်သီချင်းပြန်ဆိုမည်ရန်ရန်ချမ်းမဆိုဖြစ်သေး

ချစ်သူများနေ့ဖျော်ဖြေပွဲဘီဘုဒ်
ချစ်သူများနေ့ဖျော်ဖြေပွဲဘီဘုဒ်

ရေးသူ..ညွန့်သက်ထားဦး

ဖေဖေါ်ဝါရီလ၁၄ရက်နေ့(ချစ်သူများနေ့)တွင်ရန်ကုန်မြို့မြရိပ်ညိုဟိုတယ်ဉ်ကျင်းပမည့်Happy
Valentine’s Day အမည်ရှိစင်မြင့်ဖျော်ဖြေပွဲတွင်အဲလက်(စ်)၊အာဇာနည်၊J-Me၊ရဲလေး၊
Jenny၊စန္ဒီမြင့်လွင်တို့နှင့်အတူROCK STARအဖွဲ့လည်းပါဝင်သီဆိုဖျော်ဖြေမည်ဟုသိရသည်။

ROCK STARအဖွဲ့ဝင်တစ်ဦးဖြစ်သည့်ဂျောက်ဂျက်မှာထိုပွဲတွင်ပါဝင်သီဆိုဖျော်ဖြေမည်ဖြစ်ပြီး
လက်မှတ်ရောင်းဈေးမှာ၅၀၀၀ကျပ်ဟူသိရသည်။ချစ်သူများနေ့(St Valentine’s Day)ဟုခေါင်း
စဉ်တပ်ထားသည့်မည်သည့်ဖျော်ဖြေပွဲစဉ်များကိုအစိုးရမှယခင်ကခွင့်မပြုခဲ့သော်လည်း၂၀၀၆ခု
နှစ်မှစ၍ခွင့်ပြုခဲ့သည်။

မကြာခင်ကအကျဉ်းထောင်မှပြန်လည်လွတ်မြောက်လာသောACID အဖွဲ့ဝင်ရန်ရန်ချမ်းမှာမူရဟန်း
ဝတ်နေ၍ယခုပွဲစဉ်တွင်ပါဝင်သီဆိုဖျော်ဖြေရန်အသင့်မဖြစ်သေးဟုသိရှိရသည်။ထိုပွဲတွင်Lazy Club
အဖွဲ့လည်းပါဝင်တီးခတ်မည်ဟုဆိုသည်။ထိုနေ့တွင်ကန်တော်ကြီးမျှော်စင်ကျွန်းဉ်ဈေးပွဲတော်၊ယုဇန
ဂါဒင်းဟိုတယ်တွင်စတ်ရှိုးနှင့်တချို့ဟိုတယ်များတွင်ဧည့်ခံပွဲပါတီများရှိသည်ဟုသိရသည်။

One thought on “ဂျောက်ဂျက်သီချင်းပြန်ဆိုမည်ရန်ရန်ချမ်းမဆိုဖြစ်သေး

Comments are closed.