ရေးသူ..တင်ကျော်ကျော်စိုး
ရန်ကုန်မြို့အနောက်ရွှေဂုံတိုင်လမ်းနှင့်လင့်လမ်းထောင့်စုံရာအနီးတွင်ရှိသောလမ်းဘေးမှောင်ခို
ဓာတ်ဆီဆိုင်မှမီးလောင်ကျွမ်းမှုမှယနေ့ညနေ၃နာရီကျော်လောက်ကဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။
ထိုလမ်းမပေါ်တွင်ရှိသည့်မှောင်ခိုရောင်းချသောဓာတ်ဆီနှင့်ဒီဇယ်ဆိုင်မှစတင်လောင်းကျွမ်းခြင်းဖြစ်
ပြီးချက်ချင်းပင်မီးသတ်ကားများရောက်ရှိလာကာညှိမ်းသတ်နိုင်ခဲ့၍ကူးစက်လောင်ကျွမ်းခြင်းဖြစ်
ပေါ်မှုမရှိဟုသိရသည်။
ထိုကဲ့သို့မီးလောင်ကြွမ်းသည့်နေရာမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးအနီးတွင်ဖြစ်ကြောင်းမီး
လောင်ကျွမ်းမှုကြောင့်အများပြည်သူများရုတ်ရုတ်သဲသဲဖြစ်ပွားခဲ့ကြသည်။အန်အယ်ဒီရုံးချုပ်မှလူငယ်
တစ်ဦး၏ပြောပြချက်အရထိုမှောင်ခိုဓာတ်ဆီဆိုင်များမှာထောက်လှမ်းရေးသတင်းပေးဆိုင်များဖြစ်ပြီး
မီးလောင်မှုမှာယခုအခါငြိမ်းသတ်သွားပြီဟုသိရှိရသည်။
