ကျောင်းသားခေါင်းဆောင်၁၃ဦးကိုနယ်ထောင်များသိုပြောင်းရွှေ

ရေးသူ..တင်ကျော်ကျော်စိုး

ယနေ့မနက်လင်းအားကြီးချိန်တွင်အင်းစိန်ထောင်ဗူးဝမှနေ၍အချုပ်ကားလေးစီးအထူးပြုပြင်
ထားသောအနက်ရောင်မာဇဒါဂျစ်၅စီးတို့ထွက်ခွာသွားပြီးမကြာခင်ရန်ကုန်မြို့၏အာရုံဦးနှင့်အတူ
88မျိုးဆက်ကျောင်းသားခေါင်းဆောင်များကိုရန်ကုန်မြို့ရှိမိသားစုနှင့်ဝေးရာနယ်ထောင်များသို့
ပို့လိုက်သည်ဟူသောသတင်းပေါ်ထွက်လာခဲ့သည်။

ထောင်ပြောင်းစာရင်းတွင်ပါဝင်သည့်၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များမှာ၁၉၉၈ခုနှစ်
ပြည့်သူ့လွှတ်တော်ခေါ်ယူရေးရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂ၏တောင်းဆိုဆန္ဖပြပွဲတွင်တက်
ကြွစွာလှုပ်ရှားခဲ့၍ထောင်ဒဏ်အပြစ်ပေးခံရသူမနှင်းမေအောင်ခေါ်နိုဘယ်အေးအပါအ၀င်အ
ခြား၁၂ဦးကိုနယ်ထောင်အသီးသီးသို့ပြောင်းရွှေခဲ့သည်။

နယ်ထောင်များသို့ပြောင်းရွှေ့ခံရသည့်နိုင်ငံရေးအကျဉ်းသားများမှာကိုဇော်ထက်ကိုကို၊ ကိုစောမျိုး
မင်းလှိုင် ၊ကိုသော်ဇင်ထွန်း၊ ၊ ကိုအောင်သိုက်စိုး (ခေါ်)အောင်ကြီး၊  မသရဖီသိမ့်သိမ့်ထွန်း၊
မအေးသီတာ၊ မလေးလေးမွန်၊ မနှင်းမေအောင် (ခ)နိုဘယ်လ်အေး၊ကိုချစ်ကိုဝင်း၊ ကိုကြင်သန်း၊
မနွဲ့နှင်းရီ (ခ) နိုးနိုး၊ ဒေါ်စန်းစန်းတင်၊ကိုသိန်းသန်းထွန်း (ခ) စမ်းချောင်းကိုကိုကြီးတို့ဖြစ်သည်။

ကိုသိန်းသန်းထွန်းမှာထောင်ပြောင်းချိန်တွင်ကျန်းမာရေးမကောင်းကြောင်းသူ၏ညီမဖြစ်သူမအေး
အေးထွန်းကFreedom News Groupသို့ပြောသည်။ကိုကိုကြီးစမ်းချောင်းမှာသံတွဲထောင်နှင့်မနို
ဘယ်အေးမှာမုံရွာထောင်သို့ဖြစ်ကြောင်းသတင်းရှိသည်။