ယတြာချေသည့်အနေဖြင့်ကိုးဆယ်ဆသာလိမ့်မယ်ကိုဆုပေး

ဆုရရှ�သူများ
ဆုရရှိသူများ
ဆုပေးပွဲသ�ု့တက်ရောက်လာသည့်အကယ်ဒမီအ�န္ဒြာကျော်ဇင်
ဆုပေးပွဲသို့တက်ရောက်လာ သည့်အကယ်ဒမီအိန္ဒြာ ကျော်ဇင်

ရေးသူ..ခင်ဆွေဦးကို

ကမ္ဘာ့ရုပ်ရှင်ဆုပေးပွဲတွင်ပထမဆုံးအကြိမ်အဖြစ်အမျိုးသမီး
များကိုဆုမရွေးချယ်သည့် မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုပေးပွဲ၊

“ဒီအကယ်ဒမီဆုပေးပွဲကယတြာချေတာသက်သက်ပါရှင်”

အကယ်ဒမီဆုရှင်အမျိုးသမီးသရုပ်ဆောင်တစ်ဦးပြောစကား

နေပြည်တော်လေဟာပြင်ဇာတ်ရုံတွင်ယနေ့ကျင်းပသည့် ၅၅ကြိမ်မြောက်ရုပ်ရှင်အကယ်ဒမီထူး
ချွန်ဆုပေးပွဲဉ်ကိုးဆယ်ဆသာလိမ့်မယ်ဇာတ်ကားကိုဆုပေါင်း  ၅ ဆုအထိပေးခြင်းမှာကိုးဂဏန်းကို
ခရေဇီဖြစ်နေသည်.ဗိုလ်ချုပ်မှုးကြီး၏အစီအမံပင်ဖြစ်ကြောင်းနေပြည်တော်သို့ရောက်ရှိနေသည့်
ရန်ကုန်စာနယ်ဇင်းအသိုင်းအ၀ိုင်းကမှတ်ချက်ပြုကြသည်။

နိုင်ငံရေးသမားလူထွက်ဝါရင့်စာနယ်ဇင်းသမားတစ်ဦးဖြစ်သူကမူ၉၀ရွေးကောက်ပွဲထက်၁၀ဆသာ
လိမ့်မယ်ဆိုတဲ့သဘောအနေနဲ့ကိုးဆယ်ဆသာလိမ့်မယ်ဇာတ်ကားကိုဆုပေးရခြင်းဖြစ်ကြောင်းသုံး
သပ်ပြောဆိုခဲ့သည်။

မြောက်ဥက္ကလာမှကျူရှင်ဆရာဦးရဲနွယ်ကမူ“ဒေါ်စုနာမည်ကပေါင်းရင်ကိုးရတယ်၊သန်းရွှေကတစ်
ဆယ်ရတယ်”သဘောကတော့ကိုးကိုတစ်ဆယ်ကသာမယ်ဆိုတဲ့အနေနဲ့ပေးတာ၊ဇာတ်သဘောက
တော့ဗီဒီယိုကားတွေလောက်တောင်မက်မောစရာမရှိဘူးဟုသုံးသပ်ပြောဆိုခဲ့သည်။ဧကံသဗျာကရ
ဏဗေဒဂိုဏ်းဝင်ဗေဒင်ဆရာတစ်ဦးကလည်း“မိန်းမတွေကိုနာမ်နှိမ်လိုက်တာဗျစင်ပေါ်မှာဆုယူဖို့မ
တက်ရဘူးဆိုတဲ့သဘောပဲ”ဟုပြောသည်။

မူလကယခုနှစ်တွင်ဆုရွေးချယ်ချီးမြှင့်စရာဇာတ်ကားများနည်းသောကြောင့်နောက်နှစ်မှစုပေါင်းချီး
မြှင့်မည်ဟုသတင်းထွက်ခဲ့သော်လည်းတပ်ချုပ်ကြီး၏အမိန်ံအရဖုတ်ပူမီးတိုက်စီစဉ်ရခြင်းဖြစ်သည်
ဟုဆိုသည်။

အကယ်ဒမီထူးချွန်ဆုများကို

ဆုရရှိသူများမှာ…..
အကောင်းဆုံးဇာတ်ကားဆု……………………..ကိုးဆယ်ဆသာလိမ့်မယ်
အကောင်းဆုံးဒါရိုက်တာဆု……………………..မောင်ယဉ်အောင်(ကိုးဆယ်ဆသာလိမ့်မယ်)
အကောင်းဆုံးတည်းဖြတ်ဆု…………………….မရွေးချယ်
အကောင်းဆုံးတေးဂီတဆု………………………စိန်မွတ္တား(ဒုတိယအကြိမ်)
အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု……………..မိုးဒီ
အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု……….ကျော်ရဲအောင်(ဒုတိယအကြိမ်)
အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု……………..မရွေးချယ်
အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု……….မရွေးချယ်

အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု…………………..ကျောက်ဖြု(ငါ့သွေး၊ငါ့ဓား၊ငါဧရာဝတီ)
အကောင်းဆုံးဇာတ်ညွန်းဆု………………………မရွေးချယ်

One thought on “ယတြာချေသည့်အနေဖြင့်ကိုးဆယ်ဆသာလိမ့်မယ်ကိုဆုပေး

  1. ဟုတ်လို့လားဟာ နိုင်ငံတော်အကြီးကဲတစ်ယောက်မှာအဲလောက်
    ညံ့ဖျင်းတဲ့အကြံညဏ်တွေရှိနေမယ်လို့မထင်ပါဘူး
    ချယ်ရီထင်တာကိုပြောကြည့်တာပါ…….
    မှားသွားရင်ဆော်ရီးနော်……

Comments are closed.