လုံခြုံမှုမရှိသောရန်ကုန်အင်တာနက်ကဖေးများ

လော့မီအင်ထရေးလ�ုဂ�ု
လော့မီအင်ထရေးလိုဂို


ဆိုင်ဘာကဖေး(အင်တာနက်ကဖေး)များတွင်အသုံးပြုသူများအတွက်အသိပေးချက်

(ကျန်ရှိခဲ့သည့်သတင်းဆောင်းပါးအပြည့်အစုံအားပြန်လည်ဖေါ်ပြထားပါသည်)

ရန်ကုန်မြို့တွင်အင်တာနက်ဆိုင်ခွဲပေါင်းမြောက်များစွာဖွင့်ထားသည့်အင်တာနက်ကဖီးဆိုင်တစ်ခု
တွင်သုံးစွဲသူ၏ အီးမေးလိပ်စာများ ကွန်မြူနတီဝဘ်ဆိုတ်များမှာဖွင့်ဖောက်ကြည့်ရှုခံရရုံသာမက မိမိ၏မှတ်တမ်းအားလုံးလည်းရှာဖွေဖျက်ဆီးခြင်းခံခဲ့ရသည်ဟုဆိုသည်။

ထိုသို့ဖြစ်ခြင်းမှာဖြစ်ရခြင်းမှာအင်တာနက်ကဖေးဆိုင်ရှင်များက  အင်တာနက်အသုံးပြုသူများ၏ပုဂ္ဂလိ
ကလုံခြုံမှုကိုချိုးဖောက်ခြင်းပင်ဖြစ်ပြီးအင်တာသုံးစွဲသူများကိုပေါ်ပေါ်ထင်ထင်ပင်စော်ကားခြင်းဖြစ်
သည်။

ယခုဖြစ်ရပ်မျိုးမှာ ရန်ကုန်တွင်တော်တော်များများကြုံတွေ့နေရပြီးဆိုင်ရှင်များက ဆောဖ်ဝဲ
တစ်မျိုးထည့်သွင်းထားကာ့ users များ၏ password ကိုရယူပြီး privacy ကိုချိုးဖေါက်ကြသည်။

ယခင်က Keylogger အမည်ရှိဆောဖ်ဝဲတစ်မျိုးကိုသုံး၍ အသုံးပြုသူများ၏ စကားဝှက်များကိုရ
ယူခဲ့ကြသော်လည်းနောက်ပိုင်းတွင် Virtual Private Network (VPN) များတွင်ပါအသုံးပြု
၍ရသည့်Logmein အမည်ရှိ ဆောဖ်ဝဲတစ်မျိုးကိုအသုံးပြုလာကြသည်။ထိုဆောဖ်ဝဲမှာ စကား
ဝှက်သာမှတ်သားထားနိုင်ယုံသာမက အသုံးပြုသူ၏လုပ်ဆောင်ချက်အားလုံးကိုလည်းအချိန်နာ
ရီနှင့်တ့ကွမှတ်သားထာနိုင်သည်။

ဥပမာအားဖြင့် မိမိကြည့်ခဲ့သောအင်တာနက်စာမျက်နှာသာမက Blog,email စသည်တို့တါင်ရေး
သားခဲ့သည်များ မိမိ RUN ခဲ့သော application ဖိုင်များသာမကထိုဖိုင်များတွင် အသုံးပြုခဲ့သည့်
အကြောင်းအရာများပါဖေါ်ပြနိုင်သည်။

မူလကထိုဆောဖ်ဝဲမျိုးမှာ နေရာပြောင်းရွှေ့အသုံးပြုရချိန်နှင့် စစ်ပွဲစသည့်အရေးကြီးအချိန်များ
လွဲမှား၍မရသည့် ဒေတာအန်ထရီ ပြုလုပ်ချိန်များတွင် Trace ကျန်ခဲ့ရန်သုံးကြသည်။အကြောင်း
ကြောင်းကြောင့်ကွန်ယက်ပျက်သွားပါက ဆောဖ်ဝဲတွင်မှတ်တမ်းကျန်ခဲ့ပြီး ပြန်လည်လုပ်ငန်း
လည်ပတ်နိုင်အောင်ရည်ရွယ်သည်။
Logmein ကဲ့သို့ ပင် Remote Access Desktop Control Software များမှာ Virtual Private
Network အနွယ်များဖြစ်သည့်Hamachi  နှင့် I’m in Touch တို့ဖြစ်သည်။

အင်တာနက်ကဖေးဆိုင်တွင်အသုံးပြုသူများအနေဖြင့်မိမိနှင့်ရင်းနှီးမှုမရှိသောဆိုင်များ၊အာဏာ
ရအသိုင်းအ၀ိုင်းကဖါင့်ထားသည်ဟုသတင်းထွက်နေသည့်ဆိုင်များ၊အသုံးပြုသူ၏ပုဂ္ဂလလုံခြုံရေး
ကိုချိုးဖောက်သည့်ဆိုင်များကိုသတိထား၍ရှောင်ကြဉ်သင့်ပါသည်။

မဖြစ်မေနေအသုံးပြုရမည်ဆိုလျှင်
လည်းCtrl,Alt,Del ကီးများနှိပ်၍ Task Manager မှ Process ကိုကြည့်၍ Logmein၏File
Extensionဖြစ်သည့် msdts.exe အမည်ရှိဖိုင် Run ထားမထားစစ်ဆေးကြည့်ပါ Run ထားပါက
ထိုဖိုင်ပေါ်တွင်Right Click နှိပ်၍ End Process နှိပ်ပြီးမှ ကွန်ပြုတာကိုဆက်လက်အသုံးပြုခြင်း
ဖြင့်မိမိ၏အသုံးပြုမှုမှတ်တမ်းမှာတပါးသူဆီမရောက်နိုင်တော့ချေ။

One thought on “လုံခြုံမှုမရှိသောရန်ကုန်အင်တာနက်ကဖေးများ

Comments are closed.