အကယ်ဒမီကြောင့်ဂျာနယ်ဈေးကွက်အရှုံးပေါ်

Weekly Eleven ဂျာနယ် တွင်ဖေါ်ပြထားသောဂမ်ဘာရီနှင့်တွေစုံခဲ့စဉ်ကဒေါ်အောင်ဆန်းစုကြည်၏ပုံ
Weekly Eleven ဂျာနယ် တွင်ဖေါ်ပြထားသောဂမ်ဘာရီနှင့်တွေစုံခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်၏ပုံ

ရေးသူ..ညွန့်သက်ထားဦး

အကယ်ဒမီဆုရမင်းသမီးများ၏ရောင်စုံဓာတ်ပုံဝေေ၀ဆာဆာဖြင့်ဂျာနယ်စောင်ရေတိုးထုတ်ကာ
အမြတ်ယူမည်ဟုကြိုတင်စီစဉ်ထားသော ဂျာနယ်များမှာပုံမှန်ရောင်းအားထက်အနည်းငယ်
လောက်ပင်ပို၍မရောင်းရပဲစရိတ်စကများအရှုံးပေါ်ကြသည်ဟုသိရသည်။

“ကျွန်တော်တို့ကဒီပွဲလေးကိုအားခဲထားတာအကယ်ဒမီဆုရမင်းသမီးတွေနဲ့စောင်ရေပြန်တင်ပြီး
တစ်နှစ်တာရှုံးထားသမျှအမြတ်ကိုပြန်ကျေအောင်လုပ်မယ်ပေါ့ အခုတော့ဘယ်လိုသွားလုပ်မလဲ
အစောင်၂၀၀လောက်ပဲပိုရောင်းရတယ်။နေပြည်တော်ကိုဓာတ်ပုံဆရာနဲ့သတင်းထောက်လွှတ်
ခစရိတ်တွေ၊ စောင်ရေတိုးပြီးအမြန်ရိုက်ခတွေ ၊အကုန်ရှုံးတာပေါ့ နောက်များတော့တော်ပါပြီဗျာ
ဟုပတ်ဘလစ်ရှာတစ်ဦးကညည်းငြူပြောဆိုခဲ့သည်။

ဂျာနယ်အယ်ဒီတာတစ်ဦးကလည်း“ဘောစိ(ပတ်ဘလစ်ရှာသူဌေးကိုပြောခြင်းဖြစ်သည်)က
ဂျာနယ်စောင်ရေကျသွားကတည်းကဂျာနယ်ကိုရပ်ပစ်ချင်တာကြာပြီ ကျွန်တော်ကအသက်
ကယ်ဆေးအကယ်ဒမီရှိပါသေးတယ်ပြောထားရတာ အခုတော့အကုန်သွားပြီ ဟုပြောခဲ့သည်။

၂၉လမ်းနှင့်ကုန်သည်လမ်းထောင့်တွင်ဂျာနယ်ရောင်းချသူတစ်ဦးကမူ“အကယ်ဒမီပါလို့ဆိုပြီး
လာဝယ်သူကမနှစ်ကထက်နည်းတယ်၊ဒါပေမယ့် Weekly Eleven ဂျာနယ်မှာတော့ဒေါ်အောင်
ဆန်းစုကြည်ပုံပါလို့ တခြားဂျာနယ်တွေမှာတော့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းပါလို့ဆိုပြီးဝယ်
ကြတာများတယ်ဟုဒီတပတ်ဂျာနယ်ဈေးကွက်နှင့်ပတ်သက်၍ပြောဆိုခဲ့သည်။

အကယ်ဒမီကြောင့်ဂျာနယ်ဈေးကွက်ဖရိုဖရဲဖြစ်ရခြင်းနှင့်ပတ်သက်၍“တချို့ဂျာနယ်အသစ်တွေ
နဲ့ စောင်ရေသိပ်မရှိတာတွေက အကယ်ဒမီကိုအားကိုးကြတာများတယ် အခုလုံးဝမရောင်းရဘူး
ဆိုကြတော့ ပြုတ်တဲ့သူပြုတ် ရပ်တဲ့သူရပ် ဆိုပြီး ဖြစ်လာအုံးမှာပဲဟုသုံးသပ်ပြောဆိုခဲ့သည်။