ပန်းချီဝသုန်အမှတ်တရပန်းချီပြပွဲ

ပန်းချီဝသုန်အမှတ်တရပန်းချီပြပွဲဖ�တ်ကြားလွှာ
ပန်းချီဝသုန်အမှတ်တရပန်းချီပြပွဲ ဖိတ်ကြားလွှာ

ကွယ်လွန်သူပန်းချီဆရာဝသုန် အမှတ်တရ မဂ္ဂဇင်းဆရာများ၏ပန်းချီပြပွဲကိုယမန်နေ့
ဖေဖေါ်ဝါရီလ ၁၀ရက်နေ့မှ စ၍၁၅ ရက်နေ့ ထိရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေးအရှေ့
ဘက်တန်းရှိ ပန်းချီပန်းပုအရောင်းပြခန်းတွင်ကျင်းပပြုလုပ်ကြောင်းသိရသည်။

ပန်းချီဝသုန်မှာ ၂၀၀၈ ခုနှစ်အောက်တို ဘာလ၂၁ရက်နေ့ကကွယ်လွန်အနိစ္စရောက်ရှိခဲ့
သည်။ပန်းချီ ၀သုန်၏ အနုပညာဘ၀ခရီးကို အမျိုးသမီးဒါရိုက်တာကြည်ဖြုသျှင်က A  Sketch
of Wathone အမည်ရှိ မှတ်တမ်းရုပ်ရှင်ရိုက်ကူးခဲ့ပြီးထိုဇာတ်လမ်းမှာလည်း All Road
Film Festival တွင်ဆုရရှိခံသည်။

ပန်းချီဆရာတစ်ဦးက ၀သုန်အမှတ်တရ ပန်းချီပြပွဲဖွင့်ပွဲတွင် လွန်ခဲ့သည့်နှစ်ပေါင်း၃၀ကျော်က
ကဗျာဆရာမောင်လေးအောင် ကွယ်လွန်စဉ်ကတည်း က နာရေးယပ်တောင်ပေါ်တွင် သရုပ်ဖေါ်
ပုံဆွဲပေးခဲ့သည့် မှစ၍ ကွယ်လွန်ခါနီးထိ ၀သုန်၏အနုပညာဖြတ်သန်းမှုကိုပရိသတ်များအား
ပြောကြားခဲ့သည်ဟုသိရသည်။

ထိုအခမ်းအနားသို့ ဒါရိုက်တာကြည်ဖြုသျှင်လည်းတက်ရောက်သည်ဟုသိရသည်။