မှော်ဘီကတောဂေါ်လီ ရေးသည်
မင်းသမီးတွေအကယ်ဒမီ မရသောနှစ်မို့  စာနယ်ဇင်းဆရာကိုဝါးတားတားအလွန်စိတ်ညစ်နေ
သည်၊မင်းသားလေးများလည်းအကယ်ဒမီမရ ရတဲ့သူများကလည်းလူငယ်များအခေါ်SEXY
မဖြစ်သည့်သက်ကျားအိုကြီးတွေမို့  သူအယ်ဒီတာအဖြစ်တာဝန်ယူနေသော ဖုတ်လိုက်ဖုတ်လိုက်
ဂျာနယ်မှာ ယခင်အပတ်တွေထက်၁၅စောင်သာပိုရောင်းရသည်။
တစ်နှစ်ပတ်လုံး လိမ်ဖယ်လိမ်ဖယ်ဖြစ်နေသောဂျာနယ်ကို အကယ်ဒမီပုံများဝေေ၀ဆာဆာထည့်
သွင်း၍ စောင်ရေတိုးထုတ်မည်ဟုအားခဲထားကာမှ ဗိုလ်ချုပ်များ၏ကောင်းမှုကြောင့် ကိုဝါးတား
တားတစ်ယောက် ခဲလေသမျှ သဲရေကျပြီး ပဲရေပွ နှင့် ညားရတော့မည့်ကိန်းဆိုက်နေသည်။
နေပြည်တော်အကယ်ဒမီပွဲတက်ခစရိတ်အကုန်အကျခံခဲ့ရသော ပတ်ဘလစ်ချာ ဦးယောင်ဝါးမှာ
လည်း ကိုဝါးတားတားကို မျက်စောင်းတခဲခဲဖြစ်နေသည်။
စိတ်ညစ်ညစ်ဖြင့်ပူပူနွေးနွေးအကယ်ဒမီဆုရထားသော စိန်မွတ္တားဆီ လှမ်းဗျူး၍ သူ့ အင်တာဗျူး
ထည့် ရကောင်းမလားစဉ်းစားနေခိုက် ဂျာနယ်တိုက်ထဲမှတယ်လီဖုန်းသံကလှမ်းမြည်လာသည်။
ဒီနေအဖို့ တယ်လီဖုံးသံဆိုလျှင်ကိုဝါးဝါးတားတားလန့် နေသည် ။ဆင်တူရိုးမှားဖြစ်နေသောမင်းသမီး
တစ်ယောက်နှင့်အလှဖန်တီးရှင်တစ်ယောက်၏ နာမည်ကို မှားထိုးမိသဖြင့်တမနက်လုံးမေတ္တာပို့ သည့်
ဖုံးများသာဝင်လာသည်။ မနည်းဖြေရှင်းယူလိုက်ရသည်။
မထူးဟုဆုံးဖြတ်၍ ဖုံးကိုကောက်ကိုင်လိုက်သောအခါ တစ်ဖက်မှအသံရှင်က သူနှင့်ငယ်ပေါင်းကြီး
ဖေါ်ဂျိုကာဖြစ်နေသည်။ ဂျိုကာဆိုသည့်ကောင်က ရန်ကုန်မြို့ တွင် အတော်သတင်းစုံသောသူဖြစ်
သည်။ဗိုလ်ချုပ်ကတော်များနောက်မီးလင်းတာကအစ သရုပ်ဆောင်သစ်များနယ်ထွက်ရိုက်ကူးနေ
သည် ဟူသောဇာတ်လမ်းအဆုံးသိသောသူဖြစ်သည်။
သင်္ဘောသားယောင်ယောင်၊ဂျာနယ်လစ်ယောင်ယောင်၊ကားပွဲစားယောင်ယောင်၊သံရုံးအ၀ယ်တော်
ယောင်ယောင်၊နိုင်ငံရေးသမားယောင်ယောင်လုပ်နေသော ဂျိုကာက ကိုဝါးတားတားကိုသာကြောင်း
မာကြောင်းသာမမေးတော့ပဲ
ဂျိုကာ။ ။ဝါးတားတား မင်းအကယ်ဒမီသတင်းတွေကြားပြီးပြီလား။
ဝါးတားတား။ ။ကြားပြီးလို့ ရေးတောင်ရေးပြီးသွားပြီ မင်းသိချင်တစ်စောင်၅၀၀နဲ့ 
သွားဝယ်ဖတ်ချေ။
ဂျိုကာ။ ။မင်းတို့ အဲဒါခက်တာပဲ ။ဘယ်သူဆုရတယ် ဘယ်သူဆု မရဆိုတာကသ
တင်း ဟုတ်ဘူး။ ဘယ်သူတွေဘာကြောင့်ဆုမရဘူးဆိုတာကသတင်းကွ၊
မင်းတိုတွေကရပ်ကွက်ထဲမှာဘာတွေဖြစ်နေလဲဆိုတာမလေ့လာကြတာ
ခက်တာပဲ
ဝါးတားတား။ ။လုပ်ပါအုံးကွ ကြာရတာပေါ့
ဂျိုကာ။ ။ဒါဆိုမင်းတို့ ဂျာနယ်တိုက်လမ်းထိပ်ကလက်ဘက်ရည်ဆိုင်ကိုလာခဲ့၊ဒါ
တွေကဖုံးထဲမှာပြောလို့ သိပ်မကောင်းဘူး။
လူရှုပ်တစ်ယောက်ဖြစ်သောဂျိုကာ ဆီမှဘာသတင်းများရမလဲဟုသိချင်ရှာသောကိုဝါးတား
တားမှာတိုက်ထိပ်ကလမ်းဘေးလက်ဖက်ရည်ဆိုင်ဆီသို့ ချီတက်ရတော့သည်။
လမ်းထိပ်လက်ဖက်ရည်ဆိုင်ရောက်တော့လူစုံနေသည်။အကယ်ဒမီပေးပွဲသို့ သွားသော်လည်း
အကယ်ဒမီသို့ မရောက် တည်းခိုရာဟိုတယ်ထဲကပင်မထွက်ဟုသတင်းကြီးခဲ့သည့် အယ်ချုပ်ကြီး
နှင့်သူများသတင်းများကိုဖြတ်ညှပ်ကတ်ပြီးသတင်းအသစ်တစ်ပုဒ်ဖန်တီးတတ်သည့်
သတင်းထောက်မလေးဖြတ်ညှပ်ကတ်တို့ ကိုလည်းထို ၀ိုင်းမှာပင်အခန့် သင့်တွေ့ရသည်။
ဝါးတားတား။ ။ဂျိုကာရယ် ငါ့ဂျာနယ်စောင်ရေမတက်လို့ စိတ်ညစ်နေရတဲ့ကြားထဲ
မင်းကလဲတမှောင့်ကဲ….ဘာတွေထူးတာလဲပြောအုံး
ဂျိုကာ။ ။ဟာ..မင်းမကြားသေးဘူးလားအကယ်ဒမီကယတြာချေတယ်ဆိုတဲ့
သတင်း၊အမျိုးသမီးတွေစင်ပေါ်မတက်ရဘူးဆိုတဲ့သတင်းလေ။
ဂျိုကာ၏စကားသံကြောင့် ဘေးပတ်ဝန်းကျင်ဝိုင်းများမှာကိုရေးတေးတေးတို့ ဝိုင်းအားစိတ်ဝင်တ
စား အာရုံစိုက်လာကြ၏ ။ ပတ်ဘလစ်ချာ ဆီမှရသောခရီးစရိတ်၊စားစရိတ်၊သောက်စရိတ်များဖြင့်
ဟိုတယ်တွင် နှပ်နေသော အယ်ချုပ်ကြီးက
အယ်ချုပ်ကြီး။ ။ခင်ဗျား…ပြောလိုက်တာဘယ်လို
ယကြာချေတယ်ဆိုတာ……………
ဗိုလ်ချုပ်ကျော်ဆန်းလေကြောရှည်သည်ကိုအမြင်ကတ်၍လားမသိ အကယ်ဒမီပေးပွဲအခမ်းအနား
သို့ မတက်ပဲ အကြို ဗယ်လင်တိုင်းဒေး ဆင်နွှဲနေသော အယ်ချုပ်ကြီးကအတင်းလေးများရရင်
သတင်းလေးပြောင်းရေးလိုက်မယ်ဟူသောအကြံဖြင့်
ဂျိုကာ။ ။ဒီလို လေ ရပ်ကွက်ထဲမှာပြောနေကြတာအကယ်ဒမီယတြာနဲ့ ပဲ
နအဖခေါင်းဆောင်တွေကိုကယ်လို့ ရမယ်တဲ့၊တခြားဘာနဲ့ မှဆေး
မတိုးတော့ဘူးလေ၊ဒါကြောင့် မကျင်းပတော့ဘူးဆိုပြီးမှ ဗိုလ်ချုပ်
မှုးကြီးအမိန့် ကြောင့်ပြန်ကျင်းပရတာပေါ့ ဇာတ်စင်ရဲ့သဘောကို
တောင်ကြည့်ပါလား..ယတြာသဘောတွေပါနေတာ
အယ်ချုပ်ကြီး။ ။အလဲ့….ဟုတ်မယ်ဗျ
ဝါးတားတား။ ။ဟုတ်မယ်ဆိုရအောင်..ခင်ဗျားကတွေ့ လိုက်လို့လား။
အယ်ချုပ်ကြီး။ ။အဟိ …တွေ့ တာပေါ့ဗျာ…အခန်းထဲကတီဗွီကလေ..ဟိ..ဟိ
ဂျိုကာ။ ။ဒီယတြာက နိုင်ငံတ၀ှမ်းမှာလျှမ်းလျှမ်းတောက်နေသူကိုခေါ်
ပြီးချေမှကျေမယ်ဆိုတော့ ဗိုလ်ချုပ်မှုးကြီးကအမြော်အမြင်ကြီး
နဲ့ လုပ်ချလိုက်တာလေ..
အယ်ချုပ်ကြီ။ ။ဘယ်လိုပဲဖြစ်ဖြစ်လေ.အနုပညာနယ်မှာမိန်းမသားတွေကိုနေရာမပေး
တော့ဘူးဆိုတော့အခုမင်းသမီးတွေကနယ်ထွက်ရိုက် ..အဲလေနိုင်ငံခြား
ထွက်ရိုက်ကျတော့မယ်တဲ့
ဝါးတားတား။ ။ကောင်းတာပေါ့ ….၀န်ကြီးကလည်းနိုင်ငံတကာအကူအညီတွေလည်း
ပေးမယ်ပြောထားတော့။
ဖြတ်ညှပ်ကတ်။ ။ဦးကလည်း နိုင်ငံတော်ကအကူအညီပေးမယ်လို့ ပြောတာပါ
နိုင်ငံတကာနဲ့ မှားပြောမိတာ။သမီးတောင် သိတယ်…အဟိ
စကားဝိုင်းကောင်းနေစဉ် ကိုရေးတေးတေး ရောက်ရှိလာရာပွဲကပိုစည်သွားသည်
ရေးတေးတေး။ ။ခင်ဗျားတို့ သိထားတာတွေကအကုန်အမှားတွေဗျ။တကယ့်
အဖြစ်မှန်ကဒီလို ကြည်ဖြုသျှင်ကို အော်စကာဆုပေးလိုက်တာကစပြီး
ဝါးတားတား။ ။All Road Film Festivalဆုပါ
ရေးတေးတေး။ ။အဲ.ဘာဆုလဲလို့ တော့မသိဘူး။ အဲဒီဆုကိုသွားယူရပါ့မလားဆိုပြီးဗိုလ်ချုပ်
တွေစိတ်ကောက်နေကြတာလေ။အဲဒီလိုကြားတာပဲ
ထိုသို့ နိုင်ငံရေးနှင့်ဆက်နွယ်သောစကားများပါလာသည်တွင် ဖော်လံဖားဂျာနယ်၏အယ်ချုပ်ကြီးနှင့်
သတင်းထောက်မလေးဖြတ်ညှပ်ကတ်တို့ မှာ လက်ရည်ဖိုးများရှင်းပြီးနေရာမှထကာ
ဖြတ်ညှပ်ကတ်။ ။ဆရာအဲဒီနေ့ က ပွဲကိုမသွားမိတာကံကောင်းတာပဲ
အယ်ချုပ်ကြီး။ ။ဒါပေါ့ ကတ်ကတ်ရယ်ဆရာတော် ဦးဂမ္ဘီရပြောသလိုပဲ
အရှုပ်ထဲမှာ ရှင်းအောင်နေ …..
ဂျိုကာ။ ။ဦးဇောတိက ပါဗျာ…………..
