အမုန်းမလိုအချစ်သာလိုသည်(Editorial)
ချစ်မေတ္တာကြ�ုးရစ်ဖွဲ့ ထုံး
ချစ်မေတ္တာကြိုးရစ်ဖွဲ့ ထုံး
တစ်ခါက အမေရိကန်သတင်းစာကြီးတစ်စောင်ကကြီးမှုးပြုလုပ်သော ရူပဗေဒပညာရှင်ကြီးအိုင်းစ
“ဒီမယ်ကိုယ့်လူ တတိယကမ္ဘာစစ်ဖြစ်ရင်ဘယ်လိုနေမလဲတော့ ကျုပ်သေချာမပြောနိုင်ဘူး။ဒါပေမယ့်တယ်အပ်ပြောနိုင်တာတစ်ခုကတော့ စတ္ထု ထကမ္ဘာစစ်ဖြစ်ရင်
တော့လူတွေတစ်ယောက်ကိုတစ်ယောက်ကျောက်တုံးကျောက်ခဲတွေ
နဲ့ ပေါက်ကြမှာသေချာတယ်။
ဟုပြန်အပေးခဲ့သည်။
စာဖတ်သူအသင်သည် အိုင်စတိုင်း၏အဖြေကို ပြန်ရှင်းပြနေစရာမလိုအောင်ဥာဏ်မှီလိမ့်မည့်သူ
တစ်ယောက်ဖြစ်ပါလိမ့်မည်။
တစ်ယောက်ကိုတစ်ယောက်အမုန်းတရားများ အဃာတများကြောင့် လူဟူသောရာဇ၀င်ကို တစ်ကပြန်စရမည်ကို အသင်တပ်မက်ပါသလော။
ကျွန်တော်တို့  ၏သဘောထားကတော့ဖြင့်ကျဉ်ဆန်တွေ မလို သေနတ်တွေ မလို ထုံသင်းမွှေးပျံ
သော နှင်းဆီပန်းများနှင့် ဆွတ်ပျံသောချစ်ခြင်းရနံ့ များသာလိုသည်။
သမိုင်းကိုပြန်လှန်လျှင်ချစ်ခြင်းတရားဖြင့်သာကျွန်တော်
တို့ ကမ္ဘာမြေကိုတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အမုန်း ဖြင့် မဟုတ်ပါ။
အမုန်းတရားသည် ပျက်သုဉ်းခြင်း၏ အစဖြစ်ပြီး ချစ်ခြင်းသည် ပြီးပြည့်စုံခြင်း၏အစဖြစ်ပါသည်။
ချစ်ခြင်းကြောင့် အကျိုးမယုတ် ..အမုန်းကြောင့်သာအကျိုးယုတ်သည်။
ချစ်သူများနေ့ တွင် မြန်မာပြည်သူပြည်သားအားလုံး ချစ်ခြင်းမေတ္တာဓာတ်များ ဝေဖြာနိုင်ကြပါ
စေဟု Freedom News Group မှဆုမွန်ကောင်းတောင်းလိုက်ပါသည်။
တင်ကျော်ကျော်စိုး
အယ်ဒီတာ
Freedom News Group