နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ကြီး ထီးတင်ပြီးလျှင် အကျဉ်းသား များပြန်လွှတ်မည်ဟုသတင်းထွက်နေ
ရေးသူ..တင်ကျော်ကျော်စိုး
ယခုရက်ပိုင်းအတွင်း နိုင်ငံရေးလှုပ်ရှားမှုများကြောင့်ဖမ်းဆီးထိန်းသိမ်းခံထားရသည့်နိုင်ငံရေးအကျဉ်းသား
အချို့ ကိုပြန်လည်လွှတ်ပေးတော့မည်ဟူသော သတင်းများထွက်ပေါ်နေသည်ဟုကြား
သိရသည်။
ထိုသတင်းများမှာ နိုင်ငံရေးအကျဉ်းသားများ၏မိသားစုဝင်များဆီမှထွက်ပေါ်လာသောသတင်းဖြစ်သည်ဟုသိရသည်။
နိုင်ငံရေးအကျဉ်းသားမိသားစုများကိုစုံစမ်းကြည့်သောအခါတွင်မူ၎င်း
တို့မှာလည်းထိုကဲ့သိုသောသတင်းမျိုးကိုထောင်ဝင်စာသွားတွေ့ သည့်အခါတွင် ထောင်အာဏာပိုင်များဆီမှတဆင့်ကြားရကြောင်းနှင့် အချို့မှာလည်း အိမ်အနီးပါးတွင်စောင့်ကြပ်နေသော ထောက်လှမ်းရေးများမှ တဆင့်ကြားရကြောင်းသိရသည်။
“သူတို့  ကတော့ဘာမှသိမှာမဟုတ်ပါဘူး။အမေတို့ ခံစားရတာတွေကို စာနာလို့ စိတ်မပူအောင်ပြောတာပဲထင်တယ် ”လို့  ပူတာအိုတွင်သားဖြစ်သူအားထောင်ဝင်စာတွေ့ ပြီးပြန်လာသည့် အသက် ၆၇ နှစ်အရွယ် အဘွားအို တစ်ဦးက Freedom News Group သို့ 
ပြောသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်းဖြစ်ပြီးစာရေးဆရာတစ်ဦးလည်းဖြစ်သော အသက်၇၀ နီးပါးအရွယ်ပုဂ္ဂိုလ်တစ်ဦးကမူ “ငါတော့မထင်ပါဘူး အခုတောင် ဦးတင်ဦးကိုသက်တမ်းထပ်တိုးထားတာ ငါတို့ ထောင်ထဲမှာထဲက ဒါမျိုးသတင်းတွေခဏခဏ
ထွက်တာပဲဟုသုံးသပ်ပြောဆိုသွားခဲ့သည်။
ထိုသို့  အကျဉ်းသားလွှတ်ပေးမည်ဆိုသော သတင်းမှာနိုင်ငံရေးအကျဉ်းသားမိသားစုများအတွင်းမှာသာမကပဲ တခြားရာဇ၀တ်မှုအကျဉ်းသားများကြားတွင်လည်းပျံနှံနေသည်ဟုသိရသည်။
ထောင်ဒဏ်ကျခံနေရသောအကောက်ခွန်အရာရှိဟောင်းတစ်ဦး၏ ဇနီးဖြစ်သူကြည့်မြင့်တိုင်ပန်းပင်ကြီးလမ်းတွင်နေသော မဥမ္မာက “နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ကြီး ထီးတင်ပြီးရင် အကျဉ်းသာ ၉၉၉၉ ယောက်ကိုလွှတ်ပေးမယ်လို့ သတင်းတွေထွက်နေတာ အကျဉ်းဦးစီး ကညွှန်မှုးကို ဒီနေ့  သွားကတော့ရတော့သူဒီအတိုင်းပြောလိုက်တယ် စိတ်မပူပါနဲ့  နှစ်လလောက်ပါပဲ လို့ ပြောလိုက်တယ်” ဟုမဥမ္မာကပြောပြသည်။
ကုလလူ့ အခွင့် အရေးအထူးသံ တောမတ်စ် အိုဂျီ ကွင်တားနား မြန်မာနိုင်ငံသို့ စနေနေ့ တွင်လာရောက်ရန်ရှိသောကြောင့်
ထောင်တွင်းမှာလည်းနိုင်ငံရေးအကျဉ်းသား စာရင်းများကိုထောင်အာဏာပိုင်များကနိုင်ငံရေး
အကျဉ်းသားစာရင်းများပြန်လည်ကောက်ခံနေသည်ဟုသိရသည်။
ထောင်တွင်းရှိ သာမန်အကျဉ်းသားများမှာမူနေပြည်တော် ဥပ္ပါတသန္တိစေတီတော်ကြီးထီးတင်မည့်နေ့ ကိုစောင့်မျှော်နေကြသည်ဟုသိရှိရသည်။
