စက်မှုဇုန်တွင်ခွဲတမ်းမီးပေးစနစ်ကြောင့်အလုပ်သမားများမကျေနပ်

၁၇ ဖေဖေါ်ဝါရီ ရန်ကုန် ညွှန့် သက်ထားဦး

အခြေခံပညာကျောင်းသားများနှင့်အထက်တန်းကျောင်းသားများ၏တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ
များရှိနေသောကြောင့် စက်မှုဇုန်များတွင် ဖေဖေါ်ဝါရီလ၁၅ ရက်နေ့ မှစတင်ကာ အလှည့်ကျမီးပေးစနစ်ဖြစ်စတင် ပေးနေပြီဖြစ်သည်။

စက်မှုဇုန်များ၏အလှည့်ကျမီးပေးစနစ်ကြောင့်ထိုစက်ရုံများတွင်တာဝန်ထမ်းဆောင်နေရသော
အလုပ်သမားများမှာ၎င်းတို့ တာဝန်ထမ်းဆောင်ရမည့်အချိန်များတွင် မီးမလာလျှင်အလုပ်ဆင်းခွင့်မရသောကြောင့်အလုပ်ချိန်နှင့်လုပ်ခနစ်နာမှုများရှိနေသည်ဟု
သိရသည်။
အလှည့်ကျမီးပေးစနစ်ဖြင့် လည်ပတ်ရသောစက်မှုဇုန်များမှာ ရွှေပေါက်ကံ စက်မှုဇုန်၊ရွှေလင်ပန်းစက်မှုဇုန်၊တောင်ဒဂုံ စက်မှုဇုန်များနှင့် လှိုင်သာယာစက်မှုဇုန်တို့ ဖြစ်သည်။

အလှည့်ကျမီးပေးစနစ်ဖြင့်ဆိုသေည်လည်း စစ်ခေါင်းဆောင်များ၏သားသမီးများနှင့်နီးစပ်သူများတည်ထောင်ထားသည့်စက်ရုံများတွင်မူ
သက်ဆိုင်ရာဓာတ်အားခွဲရုံမှမီးအလှည့်ကျပေးရသည်ဟုဆိုသည်။

ထိုကဲ့သို့ အလှည့်ကျခွဲတမ်းအုပ်စုများတွင်မပါဝင်သည့်စက်ရုံများနှင့်ပတ်သက်၍“ Good Morning”ပေါင်မုန့် စက်ရုံတွင်တာဝန်ထမ်းဆောင်နေသည့် ၀န်ထမ်းတစ်ဦးက “သူတို့ ကမီး
ထိန်လင်းနေရင်ကျန်တဲ့သူတွေ မကျေမနပ်ဖြစ်မှာစိုးလို့ ဘာသတင်းလွှင့်ထားလဲဆိုတော့ အဲဒီ
စက်ရုံတွေက နာဂစ်ဒုက္ခသည်တွေအတွက် အစားအသောက် တွေထုတ်နေရတာမို့ မီးမလာရင်
မရဘူးလို့ ပြောတယ်”ဟုသူက Freedom News Group သို့ ပြောသည်။

စက်မှုဇုန်များတွင်အလှည့်ကျခွဲတမ်း မီးပေးစနစ်ကြောင့် မီးမလာချိန်တွင်အလုပ်သမားများမှာ
အလုပ်မဆင်းရပဲ အလုပ်ရှင်ကလည်းထိုအချိန်အတွက် လုပ်ခကိုမပေးဟုသိရသည်။“ကျွန်မတို့ 
က ဒီလုပ်ခနဲ့ ပဲရပ်တည်နေရတာဆိုတော့အခုမီးမလာရင်အလုပ်မဆင်းရဘူးဆိုတော့ဘယ်လို
သွားပြီး ရပ်တည်ရတော့မလဲလို့  ရွှေလင်ပန်းစက်မှုဇုန်မှနေ့  စားအလုပ်သမားအမျိုးသမီးတစ်ဦးကပြောသည်။