ထိုင်းစစ်ဦးစီးချုပ်နေပြည်တော်သို့ ရောက်ရှိ

ထု�င်းဘုရင့်တပ်မတော် စစ်သေနာပတ�ချုပ် ဗု�လ်ချုပ်ကြီး အနုပွန်းပေါင်ချင်ဒါ
ထိုင်းဘုရင့်တပ်မတော် စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး အနုပွန်းပေါင်ချင်ဒါ

၁၇ ဖေဖေါ်ဝါရီ နေပြည်တော် သီဟထွန်း

ထိုင်းဘုရင့်တပ်မတော် စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး အနုပွန်းပေါင်ချင်ဒါ နှင့်
အဖွဲ့ ဝင်တစ်ဒါဇင်ကျော်မှာယနေ့ နံနက် ၁၀ နာရီကျော်အချိန်တွင် ထိုင်းစစ်တပ်ပိုင်လေယာဉ်ဖြင့်နေပြည်တော်လေဆိပ်
သို့ ဆိုက်ရောက်ကြောင်းသတင်းရရှိသည်။

ဗိုလ်ချုပ်ကြီး အနုပွန်းပေါင်ချင်ဒါနှင့်အဖွဲ့ သည် သူကြည်းတပ်ဦးစီးချုပ်ဖြစ်ပြီးနောက်မြန်မာနိုင်ငံ
သို့ တရားဝင် ပထမဦးဆုံး အလည်အပတ်ခရီးဖြစ်ပြီး သူ့ ခရီးစဉ်အတွင်း မြန်မာစစ်ဗိုလ်ချုပ်များ
နှင့် ရိုဟင်ဂျာ လှေစီးဒုက္ခသည်များအရေး ဆွေးနွေးမည်ဟု ဘန်ကောက်အခြေစိုက်မီဒီယာများတွင်ဖေါ်ပြထားသည်။

ရိုဟင်ဂျာများ အရေးတွင်မူ သူကထိုင်းစစ်သားများမှာ ရိုဟင်ဂျာများကိုပင်လယ်ထဲ
သို့ မောင်းမထုတ်ခဲ့ကြောင်းနှင့် ရိုက်နှက်မှုတွင်လည်းမပါဝင်ကြောင်းAmnesty International ကိုပြောကြားခဲ့သည်။