
၁၇ ဖေဖေါ်ဝါရီ ရန်ကုန် ညွှန့် သက်ထားဦး
ပြည်တွင်းတွင်အပတ်စဉ်ထုတ်ဝေနေသည့်သတင်းဂျာနယ်များအနေဖြင့်မြန်မာပြည်
တွင်းရှိမီးလောင်မှုသတင်းများကိုဖေါ်ပြရာတွင် ယခင်ကလိုမီးလောင်သည့်နေရာသို့ သွားရောက်သတင်းယူပြီးပြန်လည်ဖေါ်ပြခြင်းမျိုးခွင့်မပြုတော့ကြောင်းစာပေ စိစစ်ရေးဌာနကညွှန်ကြားထားသည်။
မီးလောင်ရာတွင်ဆုံးရှုံးမှုတန်ဖိုးနှင့်အိမ်ခြေမည်၍မည်မျှပါကြောင်း
တို့ ကိုမီးသတ်ဦးစီးဌာန၏သတင်းထုတ်ပြန်သည့်အတိုင်းသာဖေါ်ပြရမည်ဖြစ်ပြီးမီးလောင်
မှုပုံစံအမျိုးအစားကိုလည်းမီးသတ်ဦးစီးဌာနတွင်မေးမြန်းစုံစမ်းပြီးမှသာထည့်သွင်းဖေါ်ပြရမည်
ဟုသတင်းထုတ်ပြန်ထားသည်။“အခုတလောမီးလောင်မှုဖြစ်တာမှာ ဂျာနယ်တွေက ဘယ်လောက်ဆုံးရှုံးတယ်ဆိုတဲ့သတင်းကိုဖေါ်ပြကျတော့ သူတို့ (နအဖခေါင်းဆောင်များက)မကြိုက်ကျဘူး အဲဒီတော့ မီးသတ်ကနေ သတင်းထုတ်ပြန်တာပဲရေး ရတော့တာပေါ့။သူတို့ ပြောတဲ့သဘောက မီးသတ်ဆီမှာသတင်းစုံစမ်းပြီးရေးဆိုတာမျိုးမဟုတ်ဘူးမီးသတ်ဆီကသတင်းထုတ်
ပြန်တာကိုရေး ဖို့ ညွှန်ကြားထာတာလို့ ပြည်တွင်းသတင်း အယ်ဒီတာ တစ်ဦးက FNG သို့ ပြော
ကြားသည်။
