အင်းစိန်ထောင်တွင်းမှ ယခု ဖေဖ်ါဝါရီလတွင်လွတ်မြောက်လာသူ နှစ်ဦးနှင့် FNG က
တွေ့ ဆုံမေးမြန်းထားပါသည်။၎င်းတို့  အနက်တစ်ဦးမှာ လူသတ်မှုဖြင့်ထောင်ဒဏ်အပြစ်ပေးခံရကာအင်းစိန်ထောင်အတွင်း ၉ နှစ်ကျော်နေထိုင်ခဲ့သူ
တစ်ဦးဖြစ်ပြီး နောက်တစ်ဦးမှာ အားပေးကူညီမှုဖြင့် ထောင်ဒဏ် ၆ နှစ်ကျော်ကျခံရကာ အင်းစိန်ထောင် မြောင်းမြ ကစကဲ ရဲဘက် နှင့် ပုသိမ်ထောင်တို့ တွင်နေ ခဲ့ရသူတစ်ဦးဖြစ်သည်။
FNG မှ ပထမဦးဆုံး အင်းစိန်ထောင် တွင်လူသတ်မှုဖြင့် ၉နှစ်ကျော်နေခဲ့ရသည့် ဦးဘအေး(နာမည်ရင်းမဟုတ်ပါ)နှင့် တွေ့ ဆုံမေးမြန်းခဲ့ပါသည်။
FNG။ ။ဦးဘအေးနေကောင်ရဲ့လား။
ဦးဘအေး။ ။နေတော့ကောင်းပါတယ်။ဒါပေမယ့် စိတ်တော့မကောင်းဘူးဗျာ။
ဘုန်းကြီးတွေထောင်ထဲမှအာရုံဆွမ်းတောင် စားခွင့်မပေးလို့ ။
FNG။ ။ထောင်ထဲမှနောက်ဆုံးအခြေအနေက ဘယ်လိုရှိလဲ။
ဦးဘအေး။ ။ပိုက်ဆံရှိရင်တောင်အရင်လိုနေလိမကောင်းတော့ဘူး။
ထောင်အာဏာပိုင်တွေကကျသစ်တစ်ယောက်
ရောက်လာကတည်းကရုပ်မပေါက်တည့်ကောင်ဆိုရဲဘက်ပို့  ပို့  လို့ မရတဲ့ကောင်တွေဆိုအလုပ်ကြီး မှာခိုင်းပြီ။အလုပ် ကြီးမှာဆိုရင်
သေဖို့ သာပြင်ထား။တနေကုန်မောင်းပြီ။ ၃၀/D တွေဆိုရင်တော့ချီး
ပုံထမ်း ဒါပဲရှိတယ်။
FNG။ ။အင်းစိန်မှာတစ်ယောက်အတွက်လိုင်းလိုက်ရင် ဘယ်လောက်ကုန်လဲ
ဦးဘအေး။ ။ရိုးရိုးနဲ့ရှယ်နှစ်မျိုးရှိတယ်။အခုကာစတမ်မှာလက်ထောက်
ညွှန်မှုးဆိုတဲ့ ကိုအောင်ကျော်ဦးတို့ စစ်တပ်ကပြောင်းလာတာ
လာဘ်စားလို့ တာထောင်ကျလာတယ်။ထောင်ကျထဲကဘာမှလုပ်
စရာမလိုဘူး။နောက်အိမ်ကလိုက်နိုင်တော့ သူက ၃ဆောင်မှာနေပေမယ့်
မနက်ဆို တိုက်ထဲကိုလာတယ် ။ ဂေါ်နိုက်(နိုင်ငံရေးပုဒ်မ ၅ည
ဖြင့်ထောင်ကျသောသူများကိုခေါ်ခြင်းဖြစ်သည်)
တွေနဲ့လည်းစကားပြောလို့ ရတယ်။ပြီးရင် ဂေါ်နိုက်တွေအခြေအနေကို
တိုက်ထောင်မှုးကြီးကိုသတင်းပို့ ရတယ်။
တခါတလေကျရင် ၆တိုက်အရှေ့မှ သူကမှောင်ရိပ်ခိုနဲ့ကျတဲ့
ကောင်လေးတွေကိုခေါ်ပြီးအနှိပ်ခံသေးတယ်။
FNG။ ။ဦးဘအေးတိုက်ထဲမှာ ဘယ်လောက်ကြာကြာနေခဲ့လဲ။
ဦးဘအေး။ ။စကျတုန်းကတော့ ၁ ဆောင် နောက်အလုပ်ကြီးနဲ့  ၃ဆောင်။
၃ဆောင်မှာပြဿနာဖြစ်တာနဲ့ တိုက် ၀င်းထဲပြန်ရောက်နေတာ
၂၀၀၆ ထဲက အခု ထွက်လာတဲ့အချိန်ထိပဲ သုံးနှစ်လောက် နေလိုက်
ရတယ်။
FNG။ ။နိုင်ငံရေးအကျဉ်းသားတွေနဲ့ ရောတွေ့ ဖြစ်သေးလား ။
ဦးဘအေး။ ။စက်တင်ဘာမတိုင်ခင်ရောက်လာတဲ့သူကောစက်တင်ဘာနောက်ပိုင်း
လာတဲ့သူရေအကုန်တွေ့ တယ်။မှတ်မှတ်ရရတစ်ခုပြောရမယ်ဆိုရင်စက်
တင်ဘာဖြစ်တော့ထောင်ထဲကလူတွေလဲအကုန်ပျော်ပေါ့ ။
အာဏာပိုင်တွေလဲလန့် နေတယ်ဘာများဖြစ်မလဲပေါ့  ။
နောက်တော့ထောင်ထဲမှာစကားပြောခွင့်တောင်မပေးတော့ဘူ။
အဲဒီအချိန် မင်းကိုနိုင်တို့ ၊ကိုကိုကြီးတို့ ကသီးသန့် မှာ ။
သိပ်မကြာပါဘူး။
ညဘက်ကြီးဘုန်းကြီးတွေရောက်လာတယ်။သင်္ကန်းမှာလဲသွေးတွေရွှဲလို့  ကိုယ်တော်တစ်ပါးဆိုတစ်လမ်းလုံးစစ်ကားပေါ်
မှာထိုးကြတ်ရိုက်နှက်လာကြတာ မျက်နှာတစ်ခုလုံးဖူးရောင်လို့ ဧကသီက
မရှိတာ့ဘူး ။ကျုပ်ကို ညဘက်ကြီးအာဏာပိုင်တွေက သူတို့ ကို
တိုက်ထဲထည့်ထဲ့ဖို့ တံခါးလိုက်ဖွင့်ခိုင်းတာ။
ဘုန်းကြီးတွေရောနောက်ကောင်လေးတွေ ရပ်ကွက်ထဲက
ကျောင်းသားတွေလဲပါတယ်။ကောင်လေးတစ်ယောက်ကဘုန်းကြီး
ကျောင်းကိုဝင်စီးတော့ခဲနဲ့ ဒီကောင်တွေကိုပစ်တာ မိသွားတော့ရိုက်တာ
မသေရုံတမယ်ပဲ။ သွားတွေဆို အကုန်ကျိုးရော။
မနက်ဖြန်တွင်ကျန်ရှိနေသေးသောအပြည့်အစုံကိုတင်ဆက်ပေးသွားမညိဖြစ်ပါသည်။
စောင့်မျှော်ဖတ်ရှုသည့်အတွက်ကျေးဇူးတင်ပါသည်။
